မောင်တောမြို့မ အနောက်ရပ်ကွက်တွင် USA လုပ် လက်နက်များ ဖမ်းမိ


ရခိုင်ဂေဇက်၊ ဒီဇင်ဘာ ၁

ရခိုင်ပြည်နယ်၊ မောင်တောမြို့ မြို့မအနောက်ရပ်ကွက်တွင် နိုဝင်ဘာ ၃၀ ရက် ညည့် ၁၂ နာရီ ခွဲခန့်တွင် ဇော်မီအာမတ်(ခ) ဂျော်မီ နေအိမ်အား ဝင်ရောက်ရှာဖွေရာမှ USA လက်နက်များဖမ်းစီးရမိကြောင်းသိရှိရသည်။

``ဖမ်းမိတာဟုတ်ပါတယ်။ မနေ့ညနေက သတင်းအရဝင်ရောက်ရှာဖွေရာက တွေ့ရှိတာပါ။ တွေ့တာက ပစ္စတို (၁)လ နဲ့ ကျည်အိမ် ကျည်တောင့်တွေပါဟု"ဟု မောင်တောမြို့မရဲစခန်းမှတာဝန်ရှိသူများမှပြောသည်။


ဖြစ်စဉ်မှာ မြို့မအနောက်ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့၏ သတင်းပေးပို့မှုဖြင့် ဇော်မီအာမတ်(ခ) ဂျော်မီ(၅၃)နှစ်(ဘ) ရော်ဖီးအူဒင်(ခ) ရော်ဖီးယူဒင် နေအိမ်အား ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်း ဦးစိုးနိုင်ကျော် (၂၄)နှစ် (ဘ) ဇော်မီအာမတ်(ခ) ဂျော်မီ တို့နှင့်အတူ အိမ်နောက်ဖေးရှိ အိမ်သာပိုက်အောက်တွင် အဝတ်စဖြင့်ပတ်ထားသည်များကို မြေကြီးတူး၍ မြှုပ်နှံထားသော USA လုပ်(MOD.92FF CompactL-CL 9mm parabellun-PATENTED အမှတ်တံဆိပ်ပါ ကိုယ်ထည်နံပါတ် BER . 586925 ပစ္စတို(၁)လက်၊ ကျည်အိမ်(၁)ခု ၉မမကျည် (၂၃)တောင့်အားဖမ်းဆီးရမိခဲ့ခြင်းဖြစ်​သည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်ကို စုံစမ်းနေပြီး တရားခံများအားလည်း ဥပဒေအရအရေးယူဆောင်ရွက်နေကြောင်းသိရှိရသည်။

ဇွဲလင်းနိုင်(စစ်တွေ)
Rakhine Gazette
https://www.facebook.com/RakhineGazetteJournal/
မောင်တောမြို့မ အနောက်ရပ်ကွက်တွင် USA လုပ် လက်နက်များ ဖမ်းမိ မောင်တောမြို့မ အနောက်ရပ်ကွက်တွင် USA လုပ် လက်နက်များ ဖမ်းမိ Reviewed by THITHTOOLWIN on 18:58 Rating: 5
Powered by Blogger.