အမြန်လမ်းတွင် StarX ယာဉ်ဝဲဘက်နောက်ဘီးပေါက်၍ အရှိန်မထိမ်းနိုင်ပဲ ချောက်ထဲထိုးကျတိမ်းမှောက်


နေပြည်တော်-ဒီဇင်ဘာ-၁၈

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏သီးကုန်းအမြန်လမ်းအပိုင်းမိုင်တိုင်အမှတ် ၂၈၃/၄နှင့် ၂၈၃/၅ အကြား နေပြည်တော်ဘက်သို့ယာဉ်မောင်း ထွန်းဦး မောင်နှင်လာသော StarXမော်တော်ယာဉ်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့ ယနေ့ မွန်းတည် ၁၂ နာရီက ဝဲဘက်နောက်ဘီးပေါက်ပြီးအရှိန်မထိမ်းနိုင်ပဲလမ်းလယ်ကျွန်းကျော်တက်ကာ ချောက်ထဲထိုးကြတိမ်းမှောက်ခဲ့သည်။

ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်ယာဉ်မောင်းပါအမျိုးသား ၃ ဦး အမျိုးသမီး ၈ဦး ပေါင်း ၁၁ဦးအနက် အမျိုးသားတစ်ဦး အမျိုးသမီး ၈ ဦးပေါင်း ၉ဦးဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရှိသူများအားတပ်ဖွဲ့ပိုင်ယာဉ်ဖြင့်မိတ္ထိလာ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။

သို့ပါ၍ယာဉ်အားမဆက်မခြင်ပေါ့ဆစွာမောင်းနှင်သည့်ယာဉ်မောင်းအားသက်ဆိုင်ရာကအမှုဖွင့်စစ် ဆေးလျှက်ရှိကြောင်းသိရသည်။

မင်းမြတ်ဦး(နေပြည်တော်)
ဓါတ်ပုံ - အမြန်လမ်းရဲတပ်ဖွဲ့

အမြန်လမ်းတွင် StarX ယာဉ်ဝဲဘက်နောက်ဘီးပေါက်၍ အရှိန်မထိမ်းနိုင်ပဲ ချောက်ထဲထိုးကျတိမ်းမှောက် အမြန်လမ်းတွင် StarX ယာဉ်ဝဲဘက်နောက်ဘီးပေါက်၍ အရှိန်မထိမ်းနိုင်ပဲ ချောက်ထဲထိုးကျတိမ်းမှောက် Reviewed by THITHTOOLWIN on 16:51 Rating: 5
Powered by Blogger.