အမေရိကန်- ရုရှား - ဂျပန် အာကာသယာဉ်မှူးတွေ လိုက်ပါသွားတဲ့ Soyuz MS-07 အာကာသယာဉ် အောင်မြင်စွာ လွှတ်တင်


ကာဇက်စတန် ၁၇ ဒီဇင်ဘာ

နိုင်ငံတကာ အာကာသစခန်းကိုသွားရောက်မယ့် နှစ်ရက်တာခရီးစဉ်အတွက် အမေရိကန်၊ ဂျပန် နဲ့ ရုရှား သုံးနိုင်ငံက အာကာသယာဉ်မှူးတွေ လိုက်ပါသွားတဲ့ Soyuz MS-07 အာကာသယာဉ်ကို ယနေ့နံနက်ပိုင်းမှာ ကာဇက်စတန်တောင်ပိုင်းရှိ ကမ္ဘာ့အကြီးဆုံး အာကာသပစ်လွှတ်စင်မှ အောင်မြင်စွာ လွှတ်တင်လိုက်ကြောင်း NASA ရုပ်မြင်သံကြား ထုတ်လွှင့်ချက်များအရ သိရပါတယ်။

အာကာသယာဉ်ပေါ်တွင် ရုရှား အာကာသသိပ္ပံဆိုင်ရာ အစိုးရအဖွဲ့မှ တပ်မှူး Anton Shkaplerov ၊ ဂျပန်အာကာသစူးစမ်းရှာဖွေရေး အေဂျင်စီမှ အင်ဂျင်နီယာ Norishige Kanai နှင့် အမေရိကန်အာကာသအေဂျင်စီ (NASA) မှ Scott Tingle တို့လိုက်ပါသွားကြပြီး ဒေသစံတော်ချိန် ၇ နာရီ ၂၀ မိနစ်မှာ လွှတ်တင်ခဲ့တာဖြစ်ပါတယ်။

Soyuz MS-07 ဟာ ကမ္ဘာမြေအထက် မိုင် ၂၅၀ (ကီလိုမီတာ ၄၀၀) အကွာ ပတ်လမ်းကြောင်းမှတဆင့် အာကာသယာဉ်ရပ်နားစခန်းကို ဖြေးဖြေးချင်း ချဉ်းကပ်သွားမှာဖြစ်ပြီး အာကာသစခန်းကို ဆိုက်ကပ်ဖို့ ၂ ရက် ကြာမြင့်မယ်လို့ သိရပါတယ်။

၎င်းတို့သုံးဦးဟာ စက်တင်ဘာကတည်းက ပတ်လမ်းကြောင်းထဲရောက်ရှိနေတဲ့ ရုရှား အာကာသသိပ္ပံဆိုင်ရာ အစိုးရအဖွဲ့မှ Alexander Misurkin နှင့် အမေရိကန်အာကာသအေဂျင်စီ (NASA) မှ Mark Vande Hei ၊ Joe Acaba တို့ သုံးဦးပါဝင်တဲ့အဖွဲ့ကို ချိတ်ဆက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

Soyuz MS-07 အာကာသယာဉ်ဟာ လွှတ်တင်ပြီး ၁၀ မိနစ်ခန့်မှာ အာကာသပတ်လမ်းထဲ အောင်မြင်စွာ ရောက်ရှိလှည့်ပတ်နေပြီဖြစ်ကြောင်း၊ အာကာသယာဉ်မှာ တပ်ဆင်ထားတဲ့ ကင်မရာတွေကတဆင့် အောင်မြင်ကြောင်း ပြသခဲ့ကြပြီး ကမ္ဘာ့ဆွဲငင်အားမရှိတော့တဲ့ အာကာသရောက်ရှိသွားတဲ့ အမှတ်သညာအဖြစ် Shkaplerov ရဲ့သမီးလေး ထည့်ပေးလိုက်တဲ့ ခွေးရုပ်ကလေးကိုပါတွေ့ရတယ်လို့ သိရပါတယ်။

ဘာသာပြန်-မိုးမမ
ကိုးကား-ရိုက်တာ
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews
အမေရိကန်- ရုရှား - ဂျပန် အာကာသယာဉ်မှူးတွေ လိုက်ပါသွားတဲ့ Soyuz MS-07 အာကာသယာဉ် အောင်မြင်စွာ လွှတ်တင် အမေရိကန်- ရုရှား - ဂျပန် အာကာသယာဉ်မှူးတွေ လိုက်ပါသွားတဲ့ Soyuz MS-07 အာကာသယာဉ် အောင်မြင်စွာ လွှတ်တင် Reviewed by THITHTOOLWIN on 05:13 Rating: 5
Powered by Blogger.