အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းမြို့တော်အဖြစ် OIC အသိအမှတ်ပြု


OIC ခေါ် အစ္စလာမ်ဘာသာဝင်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် နိုင်ငံ ၅၇ နိုင်ငံ ခေါင်းဆောင်တွေက အရှေ့ဂျေရုစလင်မြို့ကို သိမ်းပိုက်ခံ ပါလက်စတိုင်းမြို့တော်အဖြစ် အသိအမှတ်ပြုလိုက်ပြီး နိုင်ငံတကာ အနေနဲ့လည်း အလားတူလိုက်ပါဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့မှာ မနေ့က ကျင်းပတဲ့ OIC အရေးပေါ်အစည်းအဝေးကနေ အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်က ဂျေရုစလင်မြို့ကို အစ္စရေးနိုင်ငံရဲ့ မြို့တော်အဖြစ် အသိအမှတ် ပြုလိုက်ပြီး အမေရိကန်သံရုံးကို တယ်လ်အာဗီးစ် မြို့ကနေ ဂျေရုစလင်မြို့ကို ပြောင်းမယ်လို့ ပြောကြားခဲ့တာဟာ အန္တရာယ်ရှိတဲ့ကြေညာချက်ဖြစ်ပြီး ဒါဟာ အစ္စရေး-ပါလက်စတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကနေ အမေရိကန်ပြည်ထောင်စုရဲ့ကဏ္ဍကို ရုပ်သိမ်းလိုက်တာဖြစ်တယ်လို့လည်းOIC ခေါင်းဆောင်တွေက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းမြို့တော်အဖြစ် OIC အသိအမှတ်ပြု အရှေ့ဂျေရုစလင်ကို ပါလက်စတိုင်းမြို့တော်အဖြစ် OIC အသိအမှတ်ပြု Reviewed by THITHTOOLWIN on 07:00 Rating: 5
Powered by Blogger.