![]() |
ဗီယက်နမ်နိုင်ငံတွင် အသုံးပြုလျက်ရှိသည့် VIET TEL ဆင်းကတ်ပုံစံကို တွေ့ရစဉ်။ |
မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MyTel အနေဖြင့် ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆင်းကတ်များ စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း ၊ လက်ရှိတွင် ကွန်ရက်တည်ဆောက်မှုမှာ ရာနှုန်းပြည့် နီးပါးပြီး စီးနေပြီဖြစ်ကြောင်း စတုတ္ထမြောက်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MyTel ကုမ္ပဏီမှ သိရသည်။
မြန်မာနိုင်ငံ၏ စတုတ္ထမြောက် ဆက်သွယ်ရေး အော်ပရေတာ တစ်ခုဖြစ်သည့် MyTel အနေဖြင့် ၂ဝ၁၈ခုနှစ် နှစ်ဆန်းပိုင်းတွင် ကွန်ရက်စတင်မိတ်ဆက်ပြီး တစ်နိုင်ငံလုံးသို့ဆင်းကတ်များ ဖြန့်ကြက်ရောင်းချကာ ဝန်ဆောင်မှု ပေးနိုင်ရန် ပြင်ဆင်လျက်ရှိပြီး အကောင်းဆုံး အင်တာနက် အရည်အသွေးနှင့် သင့်တင့်သောဈေးနှုန်းဖြင့် စတင်မိတ်ဆက်နိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
"ကျွန်မတို့ MyTelက တစ်နိုင်ငံလုံးကို ဖြန့်ပြီး MyTel ကုမ္ပဏီမှ Sale Representative မသက်ထားဇင်က ပြောပြသည်။ မြန်မာနိုင်ငံ၏ လက်ရှိတယ်လီကွန်း ဈေးကွက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ၄၂ ရာခိုင်နှုန်း၊ တယ်လီနောက ၃၅ ရာခိုင်နှုန်းနှင့် အူရီဒူးက ၂၃ရာခိုင်နှုန်းဖြင့် ဈေးကွက်ဝေစု အသီးသီးရယူထားကြောင်း သိရသည်။
MyTel အနေဖြင့် စတုတ္ထမြောက် အော်ပရေတာအဖြစ် နောက်ဆုံးမှ ထွက်ပေါ်လာခြင်း ဖြစ်သော်လည်း အကြီးမားဆုံးနှင့် အကောင်းမွန်ဆုံး အော်ပရေတာ တစ်ခုဖြစ်လာရန် ရည်ရွယ်ထားကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့တွင် ရုံးခွဲ၁၈ခု ဖွင့်လှစ်ထားပြီးဖြစ်ကာ လာမည့်နှစ်ဆန်းပိုင်းတွင် ဆင်းကတ်များကို မြန်မာတစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။
ဈေးနှုန်းအနေဖြင့် လက်ရှိတွင် အတိအကျသတ်မှတ် ထားခြင်းမရှိသေး၍ ဈေးနှုန်းကို လာမည့်ဖေဖော်ဝါရီ လခန့်တွင် တရားဝင်ထုတ်ပြန်သွားရန် စီစဉ်ထားကြောင်း သိရသည်။
Themyawadydaily
https://www.facebook.com/TheMyawadyDaily
စတုတ္ထမြောက် ဆက်သွယ်ရေးအော်ပရေတာ MyTel လာမည့်နှစ်တွင် ဆင်းကတ်များစတင် ရောင်းချသွားမည်
Reviewed by THITHTOOLWIN
on
17:21
Rating:
