အမြန်လမ်းတွင် light truck ယာဉ်မောင်းအိပ်ငိုက် ပြီးအရှိန်မထိမ်းနိုင်၍တိမ်းမှောက် ၉ ဦးဒဏ်ရာရ


နေပြည်တော်-ဒီဇင်ဘာ-၁၈

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏အုတ်ရှစ်ကုန်းလမ်းပိုင်း မိုင်တိုင်အမှတ်၆၄/၀နှင့် ၆၄/၁ အ ကြားနေပြည်တော်ဘက်မှရန်ကုန်ဘက်သို့ယာဉ် မောင်း ကျော်ဇင်မောင်းနှင်လာသော Light truck ယာဉ်မှာ ဒီဇင်ဘာလ ၁၈ ရက်နေ့  ယနေ့နံနက် ၆နာရီ မိနစ် ၄၀တွင်ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိမ်းနိုင်ဘဲ တိမ်းမှောက်ခဲ့သည်။

ဖြစ်စဉ်ကြောင့်ယာဉ်ပေါ်တွင်ယာဉ်မောင်းပါအမျိုးသား ၉ဦး အမျိုးသမီး ၁၄ ဦး ပေါင်း ၂၃ ဦးအနက် အမျိုးသား ၂ ဦး အမျိုးသမီး ၇ ဦးဒဏ်ရာရှိခဲ့သည်။ဒဏ်ရာရှိသူလူနာများအားတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်။

သို့ပါ၍ယာဉ်ကိုမဆင်မခြင်ပေါ့ဆစွာမောင်းနှင်သူယာဉ်မောင်းကျော်ဇင်အား သက်ဆိုင်ရာအပိုင်ရဲစခန်းမှအမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

သန်းဦး(လေးမျက်နှာ)
ဓါတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ