ဘဏ္ဍာရေး ကိစ္စများဆွေးနွေးညှိနှိုင်းရန် KIO အဖွဲ့မှစာဖြင့်ဆင့်ခေါ်


မြစ်ကြီးနား ဒီဇင်ဘာ ၂၉

        ကချင်လက်နက်ကိုင်တပ်ဖွဲ့KIO၏ မြစ်ကြီးနားတိုက်နယ် အုပ်ချုပ်ရေး နယ်နမိတ်အတွင်းအခြေစိုက် မှီတင်း နေထိုင်၍ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်လျှက်ရှိသော  လုပ်ငန်းရှင်များကို ဘဏ္ဍာရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေး ညှိနှိုင်းရန် ဟုဆိုကာKIOအဖွဲ့မှ စာဖြင့် ဆင့်ခေါ်စာများ ဖြန့်ဝေထားကြောင်းသိရသည်။

        အဆိုပါဆင့်ခေါ်စာများကို ယခုလ ဒီဇင်ဘာ (၂၃)ရက်နေ့စွဲဖြင့် မြစ်ကြီးနားတိုက်နယ် အုပ်ချုပ်ရေး နယ်နမိတ်အတွင်းအခြေစိုက် မှီတင်း နေထိုင်၍ စီးပွားရေးလုပ်ငန်းရှင်များ လုပ်ကိုင်လျှက်ရှိသော  လုပ်ငန်းရှင်များကို ဖြန့်ဝေထားကြောင်း၊ ယင်းဆင့်ခေါ်စာတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့်ပတ်သက်၍ မိမိတို့ KIO /KIA အဖွဲ့အစည်းအား ဘဏ္ဍာရေးအရသော်လည်းကောင်း ၊ အခြားသော အကူအညီမျိုးသော်လည်းကောင်း ပံ့ပိုးကူညီပေးစေရန်အတွက် ဆွေးနွေးလိုသည် ဟုပါရှိသည်။

        ထို့ပြင် ယင်းဆင့်ခေါ်စာနှင့်ပတ်သက်၍ လာရောက်ဆွေးနွေးညှိနှိုင်းခြင်းမရှိပါက မြစ်ကြီးနားတိုက်နယ်မှ ထိရောက် စွာအရေးယူမည်ဖြစ်ကြောင်း ၊ဆင့်ခေါ်စာနှင့် ပတ်သက်၍ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါကနောက်ဆက်တွဲဖြစ် ပေါ်လာနိုင်သော ပြဿနာများ(သို့) ဆုံးရှံးခြင်းများသည် လူကြီးမင်း၏တာဝန်သာဖြစ်ကြောင်း ထည့်သွင်းရေးထားသည်။

        လက်ရှိ မြစ်ကြီးနားနှင့် တနိုင်းကြားရှိ လီဒိုလမ်းမပေါ်၌ ကချင်လက်နက်ကိုင်အဖွဲ့ KIO/ KIA အနေဖြင့် ခရီးသည်ယာဉ်လိုင်းများ နှင့် ခရီးသွားဆိုင်ကယ်များထံမှ ဆက်ကြေးကောက်ခံမှုများ ရှိနေကြောင်းသိရသည်။

EPN
https://www.facebook.com/epngnews/
ဘဏ္ဍာရေး ကိစ္စများဆွေးနွေးညှိနှိုင်းရန် KIO အဖွဲ့မှစာဖြင့်ဆင့်ခေါ်  ဘဏ္ဍာရေး ကိစ္စများဆွေးနွေးညှိနှိုင်းရန် KIO အဖွဲ့မှစာဖြင့်ဆင့်ခေါ် Reviewed by THITHTOOLWIN on 21:00 Rating: 5
Powered by Blogger.