KIO နည်းပညာအကြံပေး အဖွဲ့ရုံး ခြံဝင်းအတွင်းကို ပြည်နယ်ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ

မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က KIO နည်းပညာအကြံပေးအဖွဲ့ရုံးရဲ့ အနောက်ဘက်က ဝန်ထမ်းအိမ်ယာခြံဝင်းကို ဒီဇင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်/ Photo: Kyaw Myo Min/ RFA
ကရင်ပြည်နယ် မြဝတီခရိုင် သင်္ဃန်းညီနောင်မှာ ဖမ်းမိခဲ့တဲ့ လေယာဉ်ပစ်လက်နက်ခဲယမ်းတွေကိစ္စနဲ့ ဆက်စပ်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က ကေအိုင်အို နည်းပညာ အကြံပေး အဖွဲ့ရုံးရဲ့ အနောက်ဘက်က ဝန်ထမ်းတွေနေထိုင်တဲ့ ခြံဝင်းကို ပြည်နယ်ရဲတပ်ဖွဲ့ ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့က မနေ့က ဝင်ရောက်ရှာဖွေခဲ့ပါတယ်။

အဲဒီလိုရှာဖွေရာမှာ သက်သေခံပစည်းတွေ မတွေ့ရှိရကြောင်းနဲ့ ရဲလုပ်ထုံးလုပ်နည်းအရ ဆောင်ရွက်တာဖြစ်တယ်လို့ ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရုံးရဲ့ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လွင်မောင်သိန်းက ဒီကနေ့ ပြောပါတယ်။

ဝင်ရောက်ရှာဖွေပြီးတဲ့နောက် သက်သေတွေမတွေ့ရှိတဲ့အခါ မူးယစ်ဆေးဝါး ကင်းရှင်းကြောင်း အတည်ပြုချက်နဲ့ အဆုံးသတ်ခဲ့ကြောင်းနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ကေအိုင်အိုဗဟိုကို အကြောင်းကြားထားတယ်လို့ ကေအိုင်အိုနည်း ပညာအကြံပေးအဖွဲ့ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး က ပြောပါတယ်။

ကရင်ပြည်နယ်က သင်္ဃန်းညီနောင်မှာတွေ့ရှိခဲ့တဲ့ လက်နက်ခဲယမ်းအမှုမှာ တရားခံလို့ ယူဆရသူ နှစ်ဦးကို မြစ်ကြီးနား မြို့မှာ ဖမ်းဆီးရမိပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့က ကရင်ပြည်နယ်ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးလိုက်ပြီလို့ ရဲမှူးကြီး လွင်မောင်သိန်း က ပြောပါတယ်။

မနေ့က သွားရောက်ရှာဖွေတဲ့အခါမှာ ရဲတပ်ဖွဲ့တွေ၊ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ)နဲ့ အုပ်ချုပ်ရေးအဖွဲ့ တာဝန် ရှိသူတွေလိုက်ပါပြီး ရှာဖွေတာလို့ ဆိုပါတယ်။

အခုလက်ရှိဖမ်းဆီးရမိထားတဲ့ တရားခံလို့ ယူဆရသူ နှစ်ဦးကို ကရင်ပြည်နယ် မြဝတီခရိုင် သင်္ဃန်းညီနောင် နယ်မြေရဲစခန်းမှာ လက်နက်များယာယီပြင်ဆင်ချက် ဥပဒေ ပုဒ်မ ၁၉ - က နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
KIO နည်းပညာအကြံပေး အဖွဲ့ရုံး ခြံဝင်းအတွင်းကို ပြည်နယ်ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ KIO နည်းပညာအကြံပေး အဖွဲ့ရုံး ခြံဝင်းအတွင်းကို ပြည်နယ်ရဲတပ်ဖွဲ့ ဝင်ရောက်ရှာဖွေ Reviewed by THITHTOOLWIN on 18:50 Rating: 5
Powered by Blogger.