KIAအကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ရီမုမိုင်းတစ်လုံး ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူနှစ်ဦး ထိခိုက် ဒဏ်ရာရရှိ
နေပြည်တော် ဒီဇင်ဘာ ၂၈
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မြစ်ကြီး နား-ဖားကန့်သွား ကားလမ်းပေါ်ရှိ ဒွန်ဘုံးခ ကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၂ဝဝဝ ခန့်အကွာ၌ ဒီဇင်ဘာလ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် KIA အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် ရီမုမိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် လမ်းပေါ်၌ သွားလာနေသော မြစ်ကြီးနားမြို့နေ ဦးမခွန်ကန်ရမ် မောင်းနှင်ပြီး ဒေါ်စန်းစန်းဌေး လိုက်ပါလာသည့် KLUGER အမျိုးအစား ယာဉ်အမှတ်၊ 2F/-----၏ ညာဘက်ခြမ်း မိုင်းစထိမှန်ပျက်စီးခဲ့ကာ ဦးမခွန်ကန်ရမ်နှင့် ဒေါ်စန်းစန်းဌေးတို့တွင်လည်း မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် မြစ်ကြီးနားပြည်သူ့ ဆေးရုံ၌ ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
KIAအကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် ရီမုမိုင်းတစ်လုံး ပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူနှစ်ဦး ထိခိုက် ဒဏ်ရာရရှိ
Reviewed by THITHTOOLWIN
on
20:55
Rating:
