KIA အကြမ်းဖက်သောင်းကျန်းသူများက ဆက်ကြေးမပေးနိုင်သည့် မြေသယ်ယာဉ်များအား မီးရှို့ဖျက်ဆီး


နေပြည်တော် ဒီဇင်ဘာ ၁၅

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ဒွန်ဘန် ကျေးရွာ၏ အရှေ့တောင်ဘက် ၃ မိုင်ခန့် အကွာရှိ တနိုင်း-မြစ်ကြီးနားကားလမ်းပေါ် တွင် တနိုင်းမြို့မှ မြစ်ကြီးနားမြို့သို့ မောင်းနှင် လျက်ရှိသည့် မြေသယ်ယာဉ်ကိုးစီးအား ဒီဇင် ဘာ ၁၄ ရက် ညနေ ၅ နာရီခန့်တွင် KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ အင်အား ၈၀ ဦးခန့်က ဆက်ကြေးကောက်ခံခဲ့ရာ ယာဉ်မောင်းများမှ ဆက်ကြေးငွေပေးဆောင် နိုင်ခြင်းမရှိသည့်အတွက် ယာဉ်များအား မီးရှို့ဖျက်ဆီးခဲ့သည်။

အဆိုပါနေရာတစ်ဝိုက်အား တပ်မတော် စစ်ကြောင်းများက နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
https://www.facebook.com/Cincds/
KIA အကြမ်းဖက်သောင်းကျန်းသူများက ဆက်ကြေးမပေးနိုင်သည့် မြေသယ်ယာဉ်များအား မီးရှို့ဖျက်ဆီး KIA အကြမ်းဖက်သောင်းကျန်းသူများက ဆက်ကြေးမပေးနိုင်သည့် မြေသယ်ယာဉ်များအား မီးရှို့ဖျက်ဆီး Reviewed by THITHTOOLWIN on 20:17 Rating: 5
Powered by Blogger.