KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲမှုကြောင့် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး မော်တော်ယာဉ်များ ထိခိုက်ပျက်စီး


နေပြည်တော် ဒီဇင်ဘာ ၁၃

ကချင်ပြည်နယ်၊ ကာမိုင်းမြို့နယ်၊ နန့်ယား ကျေးရွာအုပ်စု၊ အုံဂထောင် ကျေးရွာအနီး ကာမိုင်း-ဖားကန့်သွား ကားလမ်းပေါ်ရှိ မိုင်တိုင်အမှတ်(၂၁)နှင့် (၂၂)ကြား၌ ဒီဇင်ဘာ ၁၂ ရက် မွန်းလွဲ ၁ နာရီ မိနစ် ၄ဝ ခန့်တွင် KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းနှစ်လုံးအား ခရီးသွား ယာဉ်များမှ နင်းမိသဖြင့် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

အဆိုပါ မိုင်းပေါက်ကွဲမှုကြောင့် ဖြစ်စဉ်နေရာအနီး ကားလမ်းဘေး လယ်စောင့်တဲရှိ ဦးအင်တောလှ(ဘ) ဦးအင်စောလှသည် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး ဦးလထော်တန်စိုင်း (ဘ)ဦးဘရန်စိုင်း မောင်းနှင်လာသည့် ပရာဒို အမျိုးအစား ယာဉ်အမှတ်၊ 4G/----နှင့် ကိုရှမ်း(ဘ) ဦးဝါစွမ့် မောင်းနှင်လာသည့် ၁၂ ဘီးယာဉ်ယာဉ်အမှတ်၊ 4M/----တို့၏ ဆီတိုင်ကီ၊ ယာဉ်ကိုယ်ထည်နှင့်ဘီးများ မိုင်းစထိမှန် ပျက်စီးခဲ့သည်။

ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့ နယ်မြေခံ တပ်မတော် စစ်ကြောင်းမှ သွားရောက်ရှင်းလင်း စစ်ဆေး၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်းနှင့် မိုင်းထိ လူနာများအား ဆေးဝါး ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

အလားတူ ကန်ပိုက်တည်မြို့နယ်ခွဲ၊ ကျီးကွေးတံ ကျေးရွာနေ မောင်ဝေါ်ဆီး(ဘ) ဦးဝေါ်လေးဖာသည် ဒီဇင်ဘာ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် တောင်ယာမှ နေအိမ်သို့ ပြန်လာစဉ် ကျေးရွာ၏ အရှေ့မြောက်ဘက် ၁ မိုင်ခွဲခန့် အကွာသို့ အရောက်၌ KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသော နင်းမိုင်းတစ်လုံး နင်းမိ ပေါက်ကွဲခဲ့သဖြင့် မိုင်းစထိမှန် ဒဏ်ရာများ ရရှိခဲ့ပြီး မြစ်ကြီးနားမြို့ရှိ နယ်မြေခံ တပ်မတော် ဆေးရုံတွင် တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သတင်း ရရှိသည်။

မြ၀တီ
https://www.facebook.com/mwdmedia/
KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲမှုကြောင့် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး မော်တော်ယာဉ်များ ထိခိုက်ပျက်စီး  KIA အကြမ်းဖက် သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းများ ပေါက်ကွဲမှုကြောင့် ဒေသခံ ပြည်သူများ ထိခိုက်ဒဏ်ရာရရှိပြီး မော်တော်ယာဉ်များ ထိခိုက်ပျက်စီး Reviewed by THITHTOOLWIN on 16:42 Rating: 5
Powered by Blogger.