အမေရိကန်မှာ တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ IS ရေးသား

Photo: Donald J. Trump Facebook
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်မြို့ကို အစ္စရေးနိုင်ငံရဲ့မြို့တော်အဖြစ်အသိအမှတ် ပြုတယ်လို့ ကြေညာလိုက်တဲ့အတွက် အစ္စလာမ်မစ်နိုင်ငံထူထောင်ရေးအဖွဲ IS အဖွဲ့က အမေရိကန်မှာ တိုက်ခိုက်မှုတွေလုပ်သွားမယ်လို့ လူမှုစာမျက်နှာမှာ ရေးသားထားပါတယ်။

အဲဒီစာမျက်နှာမှာ မန်ဟက်တန်က IS အဖွဲ့ဝင်တွေဟာ အသေခံတိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် စောင့်နေကြပါလို့ ရေးသားထားသလို နယူးယောက်တိုင်းမ်စကွဲမှာ ဗုံးခွဲတိုက်ခိုက်ခဲ့တဲ့ပုံတွေကိုလည်း တင်ထားပါတယ်။ ဒေါ်နယ်ထရမ့်က ဂျေရုဆလင်ကို အစ္စရေးရဲ့မြို့တော်လို့ အသိအမှတ်ပြုလိုက်တာဟာ IS တွေက အမေရိကန်မြို့တော်ကို ဖောက်ခွဲပစ်ဖို့ လုပ်လိုက်တာပါပဲ။ အဲဒီအတွက် IS အဖွဲ့ဝင်တွေဟာ အမေရိကန်မြေမှာ အကြမ်းဖက်တိုက်ခိုက်တာတွေ ထပ်လုပ်သွားမှာပါ၊ စောင့်သာစောင့်နေပါလို့လည်း ရေးသားထားပါတယ်။

အမေရိကန်ရဲ့ အဲဒီဆုံးဖြတ်ချက်ဟာ အာရပ်ကမ္ဘာကို ဒေါသထွက်စေပြီး ဆန့်ကျင်ဆန္ဒပြပေါက်ကွဲစေခဲ့ပါတယ်။ ဂျေရုဆလင်ဟာ ဂျူး၊ ခရစ်ယန်နဲ့ မွတ်စလင်တွေရဲ့ အထွဋ်အမြတ်ထားရာနေရာဖြစ်ပြီး အစ္စလမ်ဘာသာရေးရဲ့ တတိယမြောက် အမြင့်မြတ်ဆုံးနေရာလည်းဖြစ်ပါတယ်။ ဒါ့အပြင် အစ္စရေးနဲ့ ပါလက်စတိုင်းရဲ့ ဆယ်စုနှစ်ပေါင်းများစွာဖြစ်ပွားနေတဲ့ အငြင်းပွားမှုတွေရဲ့ဗဟိုလည်း ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
အမေရိကန်မှာ တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ IS ရေးသား အမေရိကန်မှာ တိုက်ခိုက်မှုတွေ လုပ်သွားမယ်လို့ IS ရေးသား Reviewed by THITHTOOLWIN on 00:17 Rating: 5
Powered by Blogger.