မဏ္ဍပ်ရှေ့ရပ်နေသည့်အမျိုးသမီးတစ်ဦး သင်မောင်း HIJET တိုက်ခံရသေဆုံး


ရေစကြို ဒီဇင်ဘာ ၁၇

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ်၊ ဆားလင်းကုန်း-အညာတောမြေနီလမ်းတွင် ဒီဇင်ဘာ(၁၆)ရက်နေ့က မဏ္ဍပ်ရှေ့တွင်ရပ်နေသည့် အမျိုးသမီးတစ်ဦး ကားတိုက်ခံရ၍ သေဆုံးခဲ့ကြောင်း ရေစကြိုမြို့မရဲစခန်းမှသိရသည်။

 ဒီဇင်ဘာ(၁၆)ရက်နေ့ နံနက်(၁၁)နာရီခွဲ အချိန်က ဆားလင်းကုန်း-အညာတောသွားမြေနီလမ်းတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်းသတင်းအရ ရေစကြိုမြို့မရဲစခန်းမှ ရဲတပ်ကြပ်ကြီး မြင့်ဌေး သွားရောက်စစ်ဆေးခဲ့ရာ ကြက်ဆူကျင်း-ဆားလင်းကုန်း-အညောတောသွား မြေနီလမ်းဆုံတွင် ဆားလင်းကုန်းဆရာတော်ကြီးပျံလွန်တော်မူသည့်(၉)နှစ်ပြည့်အထိမ်းအမှတ်ပူဇော်ကန်တောပွဲအား လာရောက်သူ ဒေါ်ခင်ပိုင်၊၆၄နှစ်၊ဆားလင်း ကုန်းကျေးရွာနေသူသည် မဏ္ဍပ်အဝင်၌ ဖိနပ်ချွတ်နေစဉ် ဆားလင်းကုန်း ကျေးရွာဘက်မှ အညာတောကျေးရွာဘက်သို့ ယာဉ်မောင်းသင်နေသော မခင်ခင်လှိုင်၊၂၉နှစ်၊ဆားလင်းကုန်းကျေးရွာနေသူမောင်းနှင်သည့် 9J/-----DAIHATSU HIJET အဖြူရောင်ယာဉ်သည် ဒေါ်ခင်ပိုင်အား နောက်မှ ဝင်ရောက်တိုက်မိသဖြင့် ဒေါ်ခင်ပိုင်တွင် ယာနားထင်နှင့် နားရွက်စုတ်ပြတ်၊ ယာလက်ပေါက်ပြဲ၊ ယာရင်အုံညိုမဲဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့၍ ယာဉ်မောင်း မခင်ခင်လှိုင်အား အရေးယူပေးရန် ရဲတပ်ကြပ်ကြီး မြင့်ဌေးမှ တရားလိုပြုတိုင်ကြားခဲ့၍ ရေစကြိုမြို့နယ်၊ မြို့မရဲစခန်းက အမှုဖွင့်ထားသည်။

kyawzayya
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မဏ္ဍပ်ရှေ့ရပ်နေသည့်အမျိုးသမီးတစ်ဦး သင်မောင်း HIJET တိုက်ခံရသေဆုံး မဏ္ဍပ်ရှေ့ရပ်နေသည့်အမျိုးသမီးတစ်ဦး သင်မောင်း HIJET တိုက်ခံရသေဆုံး Reviewed by THITHTOOLWIN on 05:38 Rating: 5
Powered by Blogger.