၂၀၁၇ FIFA ကလပ် ကမ္ဘာ့ဖလား Real Madrid ဗိုလ်စွဲ

FIFA Club ကမ္ဘာ့ဖလား 2017 ဗိုလ်လုပွဲ ချန်ပီယံ Real Madrid အသင်း
FIFA Club ကမ္ဘာ့ဖလား 2017 ဗိုလ်လုပွဲကို အာရပ်စော်ဘွားများ UAE နိုင်ငံမှာ စနေနေ့က ကျင်းပခဲ့ရာမှာ ဥရောပချန်ပီယံ Real Madrid နဲ့ တောင်အမေရိကချန်ပီယံ Gremio အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ Real Madrid အသင်းက (၁)ဂိုး ဂိုးမရှိနဲ့ အနိုင်ရ ဗိုလ်စွဲသွားပါတယ်။

Real Madrid အတွက် တစ်လုံးထဲသော အနိုင်ဂိုးကိုတော့ Cristiano Ronaldo က ၅၃ မိနစ်မှာ သွင်းယူခဲ့ပါတယ်။ Real Madrid အသင်းဟာ Gremio အသင်းကို တစ်ဖက်သတ် တိုက်စစ်ဆင် ကစားခဲ့ပြီး Gremio အသင်းအနေနဲ့ ဂိုးသွင်းနိုင်ခွင့်တောင် မရခဲ့ပါဘူး။

Real Madrid အသင်းဟာ Club ကမ္ဘာ့ဖလားကို (၃)ကြိမ်မြောက်အဖြစ် ဗိုလ်စွဲခဲ့ပြီး El Clasico ပြိုင်ဘက် ဘာစီလိုနာ အသင်းရဲ့ ကလပ်ကမ္ဘာ့ဖလား ချန်ပီယံစံချိန်ကို လိုက်မီခဲ့ပါတယ်။ စနေ တရက်ထဲမှာပဲလုပ်တဲ့ တတိယနေရာ လုပွဲမှာတော့မက္ကဆီကိုကလပ် Pachuca အသင်းက ၊ UAE ကလပ်အသင်းဖြစ်တဲ့ Al-Jazira အသင်းကို (၄-၁)ဂိုးနဲ့ အနိုင်ရသွားပါတယ်။

စနေနေ့ အင်္ဂလန်မှာကျင်းပတဲ့ အင်္ဂလန် ပရီးမီးယားလိခ် အမှတ်ပေး ဘောလုံးပြိုင်ပွဲမှာတော့ Man.City အသင်းက Tottenham အသင်းကို (၄ ဂိုး- ၁ ဂိုး)နဲ့ အနိုင်ရ သွားပါတယ်။ Man.City အသင်းဟာ ရှေ့တပတ်စနေကျရင် Bournemouth အသင်းနဲ့ ကစားရမှာ ဖြစ်ပြီး ၊ ဒီဇင်ဘာ(၂၇) ဗုဒ္ဓဟူးနေ့ကျရင် NewCastle အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

VOA (မြန်မာပိုင်း)
https://burmese.voanews.com
၂၀၁၇ FIFA ကလပ် ကမ္ဘာ့ဖလား Real Madrid ဗိုလ်စွဲ ၂၀၁၇ FIFA ကလပ် ကမ္ဘာ့ဖလား Real Madrid ဗိုလ်စွဲ Reviewed by THITHTOOLWIN on 09:42 Rating: 5
Powered by Blogger.