ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Express ယာဉ်မီးလောင်


နေပြည်တော်-ဒီဇင်ဘာ-၃၁

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ မြို့ချောင်းအမြန်လမ်းပိုင်း မိုင်တိုင် ၉၉/၃ နှင့် ၄ အကြားယာဉ် မောင်းမင်းမင်း မောင်းနှင်လာသော YBS -16 EXPRESS ယာဉ်မှာ ဒီဇင်ဘာလ ၃၁ ရက်နေ့ ယနေ့နံနက် ၁ နာရီက အင်ဂျင်ခန်းမှ ဝါယာရှော့ဖြစ်ခါ မီးလောင်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်အား မြို့ချောင်းအမြန်လမ်းရဲစခန်းနှင်မီးသတ်စခန်း တို့မှ အုပ်ချုပ်မှုယာဉ်နှင့် မီးသတ်ယာဉ်များဖြင့် မီးငြိမ်းငတ်ခဲ့ရသည်။ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ သံဃာ ၄ပါး အမျိုးသား ၁၇ ဦး-အမျိုးသမီး ၁၉ဦး ပေါင်း ၄၀ ဦးတို့မှာ ထိခိုက်မှုမရှိသော်လည်း ယဉ်မှာ တစ်စီးလုံးမီးလောင်ပျက်စီးသွားခဲ့သည်။

သို့ပါ၍ယာဉ်အားကြံ့ခိုင်ရေးစစ်ဆေးမှုမရှိပဲ ပေါ့ဆစွာမောင်းနှင်သော ယာဉ်မောင်းမင်းမင်းအား သက်ဆိုင်ရာက အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်းသိရသည်။

သန်းဦး(လေးမျက်နှာ)
ဓါတ်ပုံ/အမြန်လမ်းရဲတပ်ဖွဲ့
Min Myat Oo (fb)
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Express ယာဉ်မီးလောင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် Express ယာဉ်မီးလောင် Reviewed by THITHTOOLWIN on 13:09 Rating: 5
Powered by Blogger.