အမြန်လမ်းတွင် တင့်တိုင်းအောင် Express ယာဉ် အင်ဂျင်ခန်းမီးလောင်


နေပြည်တော် ဒီဇင်ဘာ ၆

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၏ ဗောဓိကုန်း အမြန်လမ်းအပိုင်း မိုင်တိုင် အမှတ် ၁၄၁/၁ နှင့် ၁၄၁/၂ အကြား နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း စိုးမင်းကျော် မောင်းနှင်လာသော တင့်တိုင်းအောင် Express မော်တော် ယာဉ်မှ ဒီဇင်ဘာလ ၆ ရက်နေ့ ယနေ့နံနက် ၅ နာရီခွဲက ၀ဲဘက်နောက်ဘီးပေါက်သဖြင့် လမ်းယာဘက်ဘေး မြေသားပေါ်သို့ ရပ်တန့်စဉ် အင်ဂျင်ခန်းမှ ၀ါယာရှော့ဖြစ်ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်။


ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင် ယာဉ်မောင်းပါ အမျိုးသား ၂၂ ဦးနှင့် အမျိုးသမီး ၂၁ ဦး၊ ပေါင်း ၄၃ ဦးမှ ထိခိုက်မှု မရှိခဲ့သော်လည်း ယာဉ်မှာ အနည်းငယ် ပျက်စီးသွားသည်။ သို့ပါ၍ယာဉ်အားကြံ့ခိုင်မှု စစ်ဆေးမှုမရှိဘဲ ပေါ့ဆစွာမောင်းနှင် မှုကြောင့် သက်ဆိုင်ရာက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

သန်းဦး (လေးမျက်နှာ)
ဓာတ်ပုံ-အမြန်လမ်းရဲတပ်ဖွဲ့
အမြန်လမ်းတွင် တင့်တိုင်းအောင် Express ယာဉ် အင်ဂျင်ခန်းမီးလောင် အမြန်လမ်းတွင် တင့်တိုင်းအောင် Express ယာဉ် အင်ဂျင်ခန်းမီးလောင် Reviewed by THITHTOOLWIN on 17:16 Rating: 5
Powered by Blogger.