အမေရိကန်နဲ့ EU ရဲ့ အရေးယူမှုကို ကမ္ဘောဒီးယားဝန်ကြီးချုပ် စိန်ခေါ်


အမေရိကန်နဲ့ ဥရောပမှာရှိတဲ့ ကမ္ဘောဒီးယားခေါင်းဆောင်တွေရဲ့ ငွေကြေးပိုင်ဆိုင်မှုတွေကို ထိမ်းချုပ်ပေးနိုင်မလားဆိုပြီး ကမ္ဘောဒီးယားဝန်ကြီးချူပ် ဟွန်ဆန်က မေးခွန်းထုတ်ပြောကြားလိုက်ပါတယ်။

သူ့မှာတော့ ဘယ်နိုင်ငံခြားဘဏ်မှာမှ သိမ်းထားတဲ့ငွေမရှိလို့ အမေရိကန်နဲ့ ဥရောပရဲ့ အရေးယူပိတ်ဆို့မှုက သူ့ကိုမထိခိုက်မနစ်နာဘူးလို့ ဖနွမ်းပင်က အားကစားသမားတွေကို ပြောတဲ့မိန့်ခွန်းမှာ ထည့်ပြောလိုက်တာပါ။

အနှစ် ၃၀ ကျော် အာဏာလက်ကိုင်ထားတဲ့ ဝန်ကြီးချုပ်ဟွန်ဆန်က ၂၀၁၈ ရွေးကောက်ပွဲမတိုင်ခင်မှာ အနောက်ဆန့်ကျင်ရေးလုပ်နေသလို၊ အဓိကအင်အားကြီးအတိုက်အခံပါတီကို ဖြိုခွင်းလိုက်လို့ နိုင်ငံတကာ ဝေဖန်နေတာကိုလည်း ခံနေရပါတယ်။

အဲဒီလုပ်ရပ်ကြောင့် ကမ္ဘောဒီးယားအစိုးရအဖွဲ့ဝင်တချို့ရဲ့ ဘဏ်စာရင်းတွေကို ငွေအသွင်းအထုတ်မရအောင် အမေရိကန်နဲ့ ဥရောပသမဂ္ဂက ထိမ်းချုပ်လိုက်သလို၊ ရွေးကောက်ပွဲအတွက် ထောက်ပံ့မယ့် ရန်ပုံငွေကိုလည်း ဆိုင်းငံ့ခဲ့ပါတယ်။ ဒါပေမယ့် ပိုင်ဆိုင်မှုတွေကို ထိမ်းချုပ်ဖို့ အဆိုပြုထားတာမရှိသေးဘူးလို့ သိရပါတယ်။

အခုလို ဟွန်ဆန်ရဲ့ ပြောဆိုချက်ကို အမေရိကန်သံရုံးက ဘာမှ မှတ်ချက်ပေး ပြောဆိုတာမရှိသေးပါဘူး။

Photo: Samdech Hun Sen, Cambodian Prime Minister's facebook
RFA Burmese
https://www.facebook.com/rfaburmese/
အမေရိကန်နဲ့ EU ရဲ့ အရေးယူမှုကို ကမ္ဘောဒီးယားဝန်ကြီးချုပ် စိန်ခေါ် အမေရိကန်နဲ့ EU ရဲ့ အရေးယူမှုကို ကမ္ဘောဒီးယားဝန်ကြီးချုပ် စိန်ခေါ် Reviewed by THITHTOOLWIN on 22:38 Rating: 5
Powered by Blogger.