အညာဒေသရေရဖို့နဲ့ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့ ယူရိုငွေသန်း ၂၀ EU ကူမည်

အညာဒေသရေရဖို့နဲ့ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့ ယူရိုငွေသန်း ၂၀ EU ကူမည်
မြန်မာနိုင်ငံအလယ်ပိုင်း ခြောက်သွေ့ဇုံမှာ လယ်ယာကဏ္ဍမြှင့်တင်ဖို့နဲ့ ရေအရင်းအမြစ်ဖေါ်ထုတ်နိုင်ဖို့ EU ဥရောပသမဂ္ဂက ယူရိုသန်း ၂၀ ကူညီမယ်လို့ သိရပါတယ်။

အညာကျေးလက်ဒေသခံပြည်သူတွေ ဝင်ငွေတိုးပြီး၊ လူနေမှုအဆင့်အတန်းမြင့်လာဖို့ ဒီရန်ပုံငွေကို IAIDP စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးရေးစီမံကိန်းအဖွဲ့က ကူညီမှာလို့ဆိုပါတယ်။ ဒီရန်ပုံငွေကနေ လယ်မြေ ဧက ၉ သောင်းအတွက် စိုက်ပျိုးရေးနဲ့ ရေရရှိရေးကို သုံးရမှာဖြစ်ပြီး၊ ၇ နှစ်အတွက် သတ်မှတ်ချက်ဖြစ်ပါတယ်။

ဒီစီမံကိန်းအတွက် လိုအပ်တဲ့ငွေကြေးကို ပြင်သစ်ဖွံ့ဖြိုးရေးအေဂျင်စီ၊ အာရှဖွံ့ဖြိုးရေးဘဏ်နဲ့ မြန်မာအစိုးရတို့ ပူးပေါင်းပံ့ပိုးမယ်လို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အညာဒေသရေရဖို့နဲ့ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့ ယူရိုငွေသန်း ၂၀ EU ကူမည် အညာဒေသရေရဖို့နဲ့ စိုက်ပျိုးရေးကဏ္ဍ တိုးတက်ဖို့ ယူရိုငွေသန်း ၂၀ EU ကူမည် Reviewed by THITHTOOLWIN on 08:10 Rating: 5
Powered by Blogger.