အမေရိကန်ရဲ့ ပြည်ဝင်ခွင့်ပိတ်မှု ကမ္ဘောဒီးယား ပျက်ရယ်ပြု

Photo: Samdech Hun Sen, Cambodian Prime Minister Facebook
ကမ္ဘောဒီးယား အစိုးရအဖွဲ့ဝင်တွေကို အမေရိကန်က ပြည်ဝင်ခွင့် ပိတ်ပင်လိုက်တဲ့အတွက် ကမ္ဘောဒီးယားကလည်း အမေရိကန်ကို ပျက်ရယ်ပြု ပြောဆိုလိုက်ပါတယ်။

ကမ္ဘောဒီးယားပြည်သူတွေ အမေရိကန်မသွားရလို့ ဘာပြဿနာမှမရှိဘူးလို့ အစိုးရပြောခွင့်ရသူ ဆော့ခ် အီဆန်ကပြောပါတယ်။

အမေရိကန်မှာလုပ်တဲ့ အစည်းအဝေးတွေကို မတက်ရလည်း၊ အမေရိကန်ပြင်ပမှာ လုပ်နေတဲ့အစည်းအဝေးတွေ အများကြီးကို သူတို့တက်ခွင့်ရှိတယ်လို့ပြောပါတယ်။

ကမ္ဘောဒီးယားမှာ CNRP အတိုက်အခံပါတီခေါင်းဆောင်တွေကို ဖမ်းပြီး၊ ပါတီကိုပါ ဖျက်သိမ်းလိုက်တဲ့ အတွက် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်က ကမ္ဘောဒီးယားအစိုးရကို အပြစ်ပေးတဲ့အနေနဲ့ ပြည်ဝင်ခွင့်ပိတ်ပင်လိုက်တာပါ။

ကမ္ဘောဒီးယားအစိုးရရဲ့ ဒီမိုကရေစီကို ဆန့်ကျင်တဲ့လုပ်ရပ်တွေအတွက် တိုက်ရိုက်တုံ့ပြန်တာလို့လည်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။

ကမ္ဘောဒီးယားမှာ ခမာနီခေတ်လက်ကျန် ဟွန်ဆန်က ဝန်ကြီးချုပ်ရာထူးကို အနှစ် ၃၀ ကျော်ယူထားပြီး၊ တရုတ်နဲ့ အလွန်ဆက်ဆံရေးကောင်းသလို၊ အမေရိကန်နဲ့ ဆက်ဆံရေး တင်းမာခဲ့ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အမေရိကန်ရဲ့ ပြည်ဝင်ခွင့်ပိတ်မှု ကမ္ဘောဒီးယား ပျက်ရယ်ပြု အမေရိကန်ရဲ့ ပြည်ဝင်ခွင့်ပိတ်မှု ကမ္ဘောဒီးယား ပျက်ရယ်ပြု Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.