ဒီဇင်ဘာ ၂၉၊ ၂၀၁၇
လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၂၇ ရက် နံနက် ၁၁ နာရီတွင် သံတွဲမြို့နယ် သံတွဲလေဆိပ်၌ ရောက်ရှိလာသည့် မြို့သစ်ရပ်ကွက် ပုဏ္ဏားကျွန်းမြို့နယ်နေသူ မမီမီဌေး(၃၀)နှစ် နှင့်စစ်တွေမြို့နယ် ဆေးသမားအုပ်စု ဒုက္ခသည်စခန်းနေ သားငယ်(ခ) ဟာမီဒူရော်ရှီး (၈)နှစ် တို့အား မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ သံတွဲမြို့နယ် ဆင်ခေါင်း ကျေးရွာ နေသူ ဦးတင်သန်း(၄၉)နှစ် သည် ကလေးငယ် ၁ ဦးကို စစ်တွေမှ ရန်ကုန်သို့ ပို့ဆောင်ပေးပါက ကျပ် ၁ သိန်း ပေးမည်ဖြစ်ကြောင်းပြောသဖြင့် ဒီဇင်ဘာ ၂၆ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ရိုးမရာဇာ ခရီးသည်တင်ယာဉ်ဖြင့် စစ်တွေမြို့မှ သံတွဲမြို့သို့ ထွက်ခွာခဲ့ကြောင်း သိရသည်။
သံတွဲလေဆိပ်သို့ ရောက်ရှိစဉ် ဦးတင်သန်းမှ မမီမီဌေးနှင့် သားငယ်(ခ) ဟာမီဒူရော်ရှီးတို့အတွက် လေယာဉ်လက်မှတ် ၂ စောင်ပေးခဲ့ပြီး မမီမီဌေးနှင့်သားငယ်တို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ် ဦးတင်သန်း တိမ်းရှောင်သွားခဲ့ပြီး အမှုနှင့်သက်ဆိုင်သူ ၂ ဦးအား ဂျိတ္တောနယ်မြေ ရဲစခန်းတွင် အမှုဖွင့်စစ်ဆေးလျက်ရှိသည်။
Information Committee
https://www.facebook.com/InfomationCommittee
သံတွဲလေဆိပ်၌ ကလေးငယ် ၁ ဦးခေါ်ဆောင်သူအား ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
22:07
Rating:
