မြင်းခြံမြို့ ပြုပြင်နေသည့် ရွှေပဒေသာတည်းခိုခန်း မီးလောင်မှုဖြစ်ပေါ်


မြင်းခြံ ဒီဇင်ဘာ ၅

မန္တလေးတိုင်းဒေသကြီး မြင်ခြံမြို့တွင် ဒီဇင်ဘာ ၅ ရက် နံနက် ၄နာရီ အချိန့်ခန့်တွင် မြင်ခြံမြို့ အမှတ် ၉ ကန်ဦးရပ်ကားကြီးကွင်းမြောက်ဘတ် မျက်နှာချင်းဆိုင်ရှိ ပြန်လည်ပြုပြင်မွမ်းမံတည်ဆောက်နေသော ရွှေပဒေသာတည်းခိုခန်းတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ရွှေပဒေသာတည်းခိုခန်းရှိ စတုတ္ထအထပ် ဘုရားစင်တွင် မီးပူဇော်ထားသော ဝါယာကြိုးမှတဆင့် လျှော့ဖြစ်၍ လောင်ကျွမ်းခဲ့ကြောင်းသိရသည်။


မီလောင်ရာသို့ မြင်းခြံခရိုင်မီးသတ်ဦးစီးဋ္ဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင် ဦးစီးသော အရာရှိသုံးဦး တပ်ဖွဲ့ဝင် ၁၅ဦး မြင်းခြံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးမျိုးလွင်ဦးစီးသော ရဲတပ်ဖွဲ့ ၁၂ဦးတို့ စုပေါင်းငြိမ်းသက်ခဲ့ကြောင်း မီးသတ်ယာဉ် ခြောက်စီး အသုံးပြုငြိမ်းသက်ရာ နံနက် ၄နာရီ၃၀တွင် မီးညွှန့်ကြိုးအောင်ဆောင်ရွက်နိုင်ခဲ့ပြီး ၄နာရီ၄၀ မိနစ်ခန့်တွင် မီးအားအပြီးသတ် ငြိမ်းနိုင်ခဲ့ကြောင်း မှုခင်းမှတ်တမ်းအရသိရသည်။

မီလောင်ကျွမ်းမှုကြောင့် ရွှေပဒေသာတည်းခိုခန်း တာဝန်ရှိသူ မန်နေဂျာ ရဲမင်းထွဋ်အား လျှပ်စစ်မီးအား ပေါ့ဆစွာအသုံးပြုသဖြင့် မြင်းခြံမြို့မရဲစခန်းမှ အမှုဖွင့်အရေးထားကြောင်း စုံစမ်းသိရှိရသည်။

ဘိုဘို(မလှိုင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
မြင်းခြံမြို့ ပြုပြင်နေသည့် ရွှေပဒေသာတည်းခိုခန်း မီးလောင်မှုဖြစ်ပေါ် မြင်းခြံမြို့ ပြုပြင်နေသည့် ရွှေပဒေသာတည်းခိုခန်း မီးလောင်မှုဖြစ်ပေါ် Reviewed by THITHTOOLWIN on 17:51 Rating: 5
Powered by Blogger.