ခွေးသတ်ဖို့ အဆိပ် ဆေးထိုးအပ်တွေ တရုတ်မှာရောင်းချ

ခွေးသတ်ဖို့ အဆိပ် ဆေးထိုးအပ်တွေ တရုတ်မှာရောင်းချ
တရုတ်နိုင်ငံမှာ လမ်းပေါ်က ခွေးတွေကိုသတ်ဖို့ အဆိပ်တွေထည့်ထားတဲ့ ဆေးထိုးအပ်တွေကို ဂိုဏ်းဖွဲ့ပြီး အမြောက်အများရောင်းချနေတယ်လို့ အစိုးရပိုင်သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

အဲဒီဆေးဟာ ခွေးတွေရဲ့ကြွက်သားတွေလျော့ရဲသွားပြီး ရုတ်တရက် လေဖြတ်သလိုဖြစ်သွားစေတဲ့ ဆက်ဆာမက်သိုနီယမ် suxamethonium ဆေးဖြစ်ပါတယ်။ ခွေးတွေကို အဲဒီလိုဆေးအပ်နဲ့ထိုး ဖမ်းဆီးပြီး စားသောက်ဆိုင်ကို ပို့ကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံအရှေ့ပိုင်း အန်ဟွေပြည်နယ်မှာ အဲဒီအဆိပ်ထည့်ထားတဲ့ ဆေးထိုးအပ်ပေါင်း ၂ သိန်း ကို ရောင်းချခဲ့တဲ့ ဂဏ်းရဲ့အဖွဲ့သား ၈ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

အဲဒီဆေးထိုးအပ်ကို ဝယ်သူတွေကတော့ ခွေးတွေကိုစုပြီး စားသောက်ဆိုင်တွေကို ပြန်ရောင်းချသူတွေ ဖြစ်တယ်လို့ ရှင်ဟွာသတင်းမှာ ဖော်ပြပါတယ်။

အဲဒီလိုအဆိပ်နဲ့ ဆေးထိုးသတ်ထားတဲ့ခွေးတွေကို စားသူတွေလည်း အဆိပ်သင့်နိုင်တယ်လို့ ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ခွေးသတ်ဖို့ အဆိပ် ဆေးထိုးအပ်တွေ တရုတ်မှာရောင်းချ ခွေးသတ်ဖို့ အဆိပ် ဆေးထိုးအပ်တွေ တရုတ်မှာရောင်းချ Reviewed by THITHTOOLWIN on 22:50 Rating: 5
Powered by Blogger.