ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် တရားစွဲခံရ

Photo: Sam Rainsy Facebook
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အတိုက်အခံခေါင်းဆောင် ဆမ်ရိန်ဆီကို နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲသင့်တယ်လို့ ပြောလိုက်ပြီး နောက်တနေ့မှာပဲ ကမ္ဘောဒီးယား ရှေ့နေတယောက်က ဆမ်ရိန်ဆီကို တရားစွဲဆိုလိုက်ပါတယ်။

အာဏာရှင်တွေက အပြစ်မဲ့ပြည်သူတွေကို ပစ်ခတ်ဖို့ အမိန့်ပေးတဲ့အခါ စစ်သားတွေက အဲဒီအမိန့်ကို မလိုက်နာကြဖို့ ဆမ်ရိန်ဆီက သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ဒီသတင်းပတ်အတွင်းမှာ ရေးသားခဲ့တဲ့ အတွက် ဝန်ကြီးချုပ်ဟွန်ဆန် အခုလိုပြောခဲ့တာဖြစ်ပါတယ်။

ဆမ်ရိန်ဆီကို စစ်တပ်ရဲ့အမိန့်ကိုအာခံမှု စစ်ခေါင်းဆောင်တွေကို ပုတ်ခတ်စော်ကားမှု၊ စစ်တပ်ကို ထိခိုက်နစ်နာစေမှုတွေနဲ့ တရားစွဲလိုက်တာလို့ စစ်တပ်အတွက် တရားစွဲပေးတဲ့ ရှေ့နေကပြောပါတယ်။

ဆမ်ရိန်ဆီဟာ ပြည်ပမှာတိမ်းရှောင်နေခဲ့ရပြီး သူ့ရဲ့နိုင်ငံရေးပါတီကိုလည်း ပြီးခဲ့တဲ့လက နိုင်ငံတော် တရားရုံးက ဖျက်သိမ်းဖို့ အမိန့်ချခဲ့ပါတယ်။ ဒါကြောင့် ဟွန်ဆန်ဟာလာမယ့် ၂၀၁၈ ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုမှ အကြီးအကျယ် ယှဉ်ပြိုင်ရတော့မှာ မဟုတ်ပါဘူး။

RFA Burmese
https://www.facebook.com/rfaburmese/
ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် တရားစွဲခံရ ကမ္ဘောဒီးယား အတိုက်အခံခေါင်းဆောင် တရားစွဲခံရ Reviewed by THITHTOOLWIN on 07:54 Rating: 5
Powered by Blogger.