ကားလမ်းဘေးတွင် ဖုန်းပြောနေသူတွေအား ကားဝင်တိုက်၍ လူတစ်ဦးသေဆုံး


ဖျာပုံ-ကျိုက်လတ် အဝေးပြေး ကားလမ်းမပေါ်မှာ ဒီဇင်ဘာ(၂၄)ရက် ည (၁)နာရီက ကားလမ်းမဘေးမှာ ဖုန်းပြောနေသူတွေကို ကားဝင်တိုက်လို့ လူတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 ဖြစ်စဉ်မှာ အဲဒီနေ့က ဖျာပုံမြို့နေသူနှစ်ဦးဟာ ချောင်းတွင်းကျေးရွာအနီး ကားလမ်းယာဘက်ဘေးမှာ ဆိုင်ကယ်တွေရပ်ထားပြီး ဖုန်းပြောနေကြစဉ် ကျိုက်လတ် - ဖျာပုံကားလမ်းအတိုင်း
မြောက်ကနေ တောင်ဘက်ကို မောင်းနှင်လာတဲ့ အဖြူရောင်ကားတစ်စီးက သူတို့(၂)ဦးကို အနောက်ကနေဝင်တိုက်မိရာ ဝင်ဇော်ဟာ ကားနဲ့အတူချိတ်ပါသွားပြီး အခင်းဖြစ်ပွားသည့်နေရာမှာပဲ သေဆုံးသွားကာ ကောင်းထက်ကျော်မှာလည်း ပြင်းထန်ဒဏ်ရာတွေ ရရှိခဲ့ကြောင်းသိရပါတယ်။

 ဖျာပုံမြို့မရဲစခန်းက ယာဉ် (ပ)၅၅/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-/၃၃၈ နဲ့အမှုဖွင့်ထားပြီး တိုက်ပြေးယာဉ်မောင်းကို အမြန်ဆုံး ဖမ်းဆီးနိုင်ရေးအတွက် ဖျာပုံမြို့မ ရဲစခန်းက စုံစမ်း စစ်ဆေးဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။ ဒီသတင်းကို ကျော်စိုးမိုး(ဖျာပုံ)က ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ကားလမ်းဘေးတွင် ဖုန်းပြောနေသူတွေအား ကားဝင်တိုက်၍ လူတစ်ဦးသေဆုံး ကားလမ်းဘေးတွင် ဖုန်းပြောနေသူတွေအား ကားဝင်တိုက်၍ လူတစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 13:49 Rating: 5
Powered by Blogger.