သန်လျင်မြို့၌ ၁၀ ဘီးယာဉ်မှ ၂၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တို့အား ၀င်တိုက်မိ ၂ ဦးသေ ၃ ဦးဒဏ်ရာရ


ရန်ကုန် - ဒီဇင်ဘာ ၁၅

ရန်ကုန်တောင်ပိုင်းခရိုင် သန်လျင်မြို့၊ ဖွံ့ဖြိုးရေးလမ်းနှင့် အေးရှား ဝေါလ် လမ်းမကြီးထိပ်၌ ဒီဇင်ဘာ ၁၄ ရက် ည ၁၀ နာရီ မိနစ် ၄၅ အချိန်က ဘိလပ်မြေဖျော် ၁၀ ဘီးယာဉ်မှ ၂၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တို့အား ၀င်ရောက်တိုက်မိရာ ၂ ဦးသေဆုံး ၃ ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သန်လျင်မြို့နယ်၊ ဖွံ့ဖြိုးရေးလမ်းအတိုင်း၊ အရှေ့မှ အနောက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းနှင်လာသော ယာဉ်အမှတ် 1G/--- FOTONအမျိုးအစား ဖြူ/စိမ်းကြားရောင် ၁၀ ဘီး ဘိလပ်မြေဖျော် တင်ယာဉ်သည် အေးရှားဝေါလ် လမ်းမကြီးထိပ်အရောက် အေးရှားဝေါလ် လမ်းမကြီးအား ဖြတ်ထွက်စဉ် အေးရှားဝေါလ်လမ်းမကြီးအတိုင်း ယာဉ်မောင်း အောင်သူဟိန်း၊ အသက် (၂၇) နှစ်၊ အင်းတိုင်ကျေးရွာ၊ ကျောက်တံခါးမြို့နယ် ပဲခူးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော ယာဉ်အမှတ် 3M/--- HOWO အမျိုးအစား အနက်ရောင် ၂၂ ဘီး ယာဉ်အား ၀င်ရောက်တိုက်မိခဲ့ပြီး ယာဉ်အမှတ် 1G/--- FOTON ယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ၄င်းတိုက်လိုက်သည့်အရှိန်ဖြင့် ရေကြောင်း လမ်းဘက်မှ ဆိုင်ကယ်မောင်း ကိုအောင်ထူး၊ အသက် (၃၄) နှစ်၊ ကံ့ကော် လမ်း၊ ကွမ်းခြံကုန်းကျေးရွာအုပ်စု သန်လျင်မြို့နယ် နေသူမောင်းနှင် လာသော ဆိုင်ကယ်အမှတ် ၅၉ယ/---- တိုယိုမတ် ၁၂၅ အနက်ရောင် ဆိုင်ကယ်အား ထပ်မံဝင်ရောက် တိုက်မိခဲ့သည်။

ထိုသို့ ဆိုင်ကယ်အား ထပ်မံဝင်ရောက်တိုက်မိသဖြင့် ဆိုင်ကယ် မောင်း ကိုအောင်ထူးနှင့် ဆိုင်ကယ်နောက်တွင် လိုက်ပါစီးနင်းသူ အမည်၊ နေရပ်လိပ်စာ (စုံစမ်းဆဲ) အသက် (၃၀) နှစ်ခန့် အမျိုးသမီးတို့တွင် ဦးခေါင်းပွင့်ထွက်၊ ၀မ်းဗိုက်ပွင့်ထွက် ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ပြီး ယာဉ်အမှတ် 3M/--- HOWO ယာဉ်မောင်းဖြစ်သူ အောင်သူဟိန်းတွင် ဘယ်ဘက်မျက်ခုံးပေါက်ပြဲ၊ ဘယ်ဘက်လက်ခုံပွန်း၊ ဆီးခုံပွန်း၊ ဘယ်ဘက်ဒူးအောက်ပေါက်ပြဲဒဏ်ရာရရှိပြီး ယာဉ်မောင်း အောင်သူဟိန်း၊ ယာဉ်ပေါ်တွင် လိုက်ပါကြသူများဖြစ်သော မမျိုးမြတ်သူ ၊ အသက် (၂၁) နှစ် ယာဉ်မောင်းနှင့်(လိပ်စာတူ)တွင် နဖူး ဖူးရောင်ပေါက်၊ အောက်နှုတ်ခမ်းပေါက်ပြဲ၊ မေးစေ့ပေါက်ပြဲ၊ ဘယ်ဘက်လက်ဖျံဖူးရောင် ဒဏ်ရာနှင့် ယာဉ်နောက်လိုက် ကျော်ရဲအောင် အသက်(၂၀) နှစ် ဆင်ပေါင်ဝဲကျေးရွာ၊ ပဲခူးတိုင်းဒေသကြီးနေသူတွင် ညာဘက်လက်ခုံပွန်း၊ ဘယ်ဘက်ခါးပွန်း ဒဏ်ရာတို့ဖြင့် သန်လျင်အထွေထွေဆေးရုံ ပြင်ပလူနာ (မစိုးရိမ်ရ)ဖြင့် ဆေးကုသလျက်ရှိပြီး ယာဉ် (၂) စီးနှင့် ဆိုင်ကယ်ပျက်စီး ခဲ့ပြီး ယာဉ်အမှတ် 1G/--- FOTON ယာဉ်မောင်း (စုံစမ်းဆဲ) မှာ ယာဉ်အား ထားခဲ့ကာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

အဆိုပါယာဉ်အား မဆင်မခြင်မောင်းနှင်ပြီး ရုတ်တရက် လမ်းဖြတ် ထွက်စဉ် ယာဉ်နှင့် ဆိုင်ကယ်အား ၀င်ရောက်တိုက်မိခဲ့ကာ လူသေဆုံး ဒဏ်ရာရရှိ၊ ယာဉ်နှင့်ဆိုင်ကယ် ပျက်စီးစေပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်အမှတ် 1G/--- FOTON ယာဉ်မောင်း (စုံစမ်းဆဲ)အား သန်လျင်မြို့မ ရဲစခန်းမှ အမှုဖွင့် အရေးယူထားပြီး ထွက်ပြေးတိမ်းရှောင်နေသော ယာဉ်မောင်းအား ဖမ်းဆီးရမိရေး ဆေင်ရွက်လျှက်ရှိကြောင်း သိရသည်။

သက်ခိုင် (သန်လျင်)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
သန်လျင်မြို့၌ ၁၀ ဘီးယာဉ်မှ ၂၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တို့အား ၀င်တိုက်မိ ၂ ဦးသေ ၃ ဦးဒဏ်ရာရ သန်လျင်မြို့၌ ၁၀ ဘီးယာဉ်မှ ၂၂ ဘီးယာဉ်နှင့် ဆိုင်ကယ်တို့အား ၀င်တိုက်မိ ၂ ဦးသေ ၃ ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 19:02 Rating: 5
Powered by Blogger.