နတ်ပွဲတွင်ကခုန်ကြစဉ် ဓားထိုးမှုဖြစ်ပွား၊ တစ်ဦးသေဆုံး


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ ရက်နေ့ ညက ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်၊ ဇင်ယော်ကျွန်းကျေးရွာနေ ကိုဆန်းဝင်း၏ နေအိမ်ရှိ နတ်ပွဲ၌ ကခုန်ကြစဉ် ဓားထိုးမှုဖြစ်၍ လူတစ်ဦးသေဆုံး ခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ ည ၈ နာရီအချိန် ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန် မြို့နယ်၊ ရုံးတောကျေးရွာနေ ကိုညွန့်ဝေ(ခ)ဂွေးပေါက်သည် နေအိမ်၌ရှိနေစဉ် သားဖြစ်သူ သက်နိုင်ဦး (၂၅)နှစ်မှာ ဓားထိုးခံရကြောင်း သိရှိရ၍ သွားရောက်ကြည့်ရှုမေးမြန်းရာ သက်နိုင်ဦးသည် ကျုံပျော်မြို့နယ်၊ ဇင်ယော်ကျွန်းကျေးရွာနေ ကိုဆန်းဝင်း၏ နေအိမ်ရှိ နတ်ပွဲ၌ ဖားလက်ခို ကျေးရွာနေ ချမ်းကို(၁၉)နှစ်ပါ (၅)ဦးတို့နှင့်အတူ ကခုန်ကြရင်း တစ်ဦးနှင့်တစ်ဦး ထိခိုက်မိရာမှ စကားများရန်ဖြစ်စဉ် ချမ်းကို က အသင့်ပါလာသည့် ဓားဖြင့်ထိုးသောကြောင့် သက်နိုင်ဦးတွင် ဒဏ်ရာများရရှိ သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါဓားထိုးမှုအား အရေးယူပေးရန် တိုင်တန်းချက်အရ ချမ်းကိုအား အထောင်နယ်မြေ ရဲစခန်း(ပ)၄၉၄/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

သစ်ထူးလွင်


နတ်ပွဲတွင်ကခုန်ကြစဉ် ဓားထိုးမှုဖြစ်ပွား၊ တစ်ဦးသေဆုံး နတ်ပွဲတွင်ကခုန်ကြစဉ် ဓားထိုးမှုဖြစ်ပွား၊ တစ်ဦးသေဆုံး Reviewed by THITHTOOLWIN on 20:36 Rating: 5
Powered by Blogger.