မဆင်မခြင်မောင်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွား လူ (၁၆) ဦး ပြင်းထန်ဒဏ်ရာရ


နတ်မောက် - ဒီဇင်ဘာ ၂

၂၀၁၇ ဒီဇင်ဘာ ၂ ရက်နေ့  နေ့ လည် ၁နာရီ ၃၀ မီနစ် အချိန့် ခန့် က မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စည်သာအုပ်စု ရွှေညောင်ပင် စားသောက်ဆိုင်အနီး နတ်မောက်-ပျော်ဘွယ် ကားလမ်းတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားသွားကြောင်း နတ်မောက်မြို့နယ်ရဲစခန်းမှ ပြောပြ သိရှိရသည် ။

ဖြစ်စဉ်မှာ ၂၀၁၇ ဒီဇင်ဘာ ၂ ရက်နေ့ နေ့လည် ၁ နာရီ ၂၀မီးနစ်အချိန်ခန့် က နတ်မောက်မြို့နယ် န/ဂွေးချိုကျေးရွာအုပ်စု န/ဖုန်ကုန်းကျေးရွာနေ မိုးမင်း အသက်၂၇/၂၀၁၇ နှစ် ယာဉ်မောင်း (ဘ) ဦးမိုးဟိန်း မောင်းနှင်လာသော ၉ဋ္ဌ/---------ဖောကား အပြာရောင် (ယာဉ်လိုင်စင်စီစစ်ဆဲ) သည် နတ်မောက်မြို့ မြို့မဈေးကြီးမှ ဈေးဝယ်ကုန်ပစ္စည်းများနှင့် ခရီးသည်များ သယ်ဆောင်လာပြီး နတ်မောက်-ပျော်ဘွယ်ကားလမ်းအတိုင်း နတ်မောက်မြို့မှ န/ဖုန်ကုန်းကျေးရွာသို့ မောင်းနှင်လာစဉ် နတ်မောက်မြို့နယ် စည်သာအုပ်စု ရွှေညောင်ပင် စားသောက်ဆိုင်အနီး မိုင်တိုင်အမှတ် ၅၈/၅ နှင့် ၅၈/၆ အကြား အရောက်တွင် ဝဲဘက်ရှေ့ဘီးပေါက်ကာ အရှိန်မထိမ်းနိုင်ဘဲ ကားလမ်းဝဲဘက် ၃ ပေခန့်  အကွာမှ ပြွန်တံတားအုပ်ခုံအား ဝင်ရောက်တိုက်မိပြီး ဝဲဘက်ရှိ လယ်ကွင်းအတွင်းသို့ ထိုးဆင်းသွာရာမှ မော်တော်ယဉ် ဘေးတစောင်းလဲကျသွားကာ ယာဉ်ပေါ် ပါသူများနှင် ပစ္စည်းများ လွင့်စင် ပြုတ်ကျ သွားရာမှ ယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များ န/ဂွေးချိုကျေးရွာအုပ်စု န/ဖုန်ကုန်းကျေးရွာမှ မောင်စိုးအောင် ၁၂/၂၀၁၇နှစ် (ဘ) ဦးနိုင်လင်း (စိုးရိမ်ရ) (နတ်မောက်ဆေးရုံမှ မကွေးဆေးရုံသို့ပို့ခဲ့) မခင်အေး ၃၂/၂၀၁၇နှစ် (ဘ)ဦးထွန်းအိ၊ မခင်ပြုံးကြည် ၁၂/၂၀၁၇ နှစ် (ဘ)ဦးသန်းထိန်လင်း၊ ဒေါ်ကြည်ဌေး ၆၀/၂၀၁၇နှစ် (ဘ)ဦးညွန့်ဝေ၊ မောင်နိုင်ထက်မင်း ၆/၂၀၁၇နှစ် (ဘ') ဦးဝင်ဘို ၊မောင်အောင်မြင့်မြတ် (ခလေးငယ်) (ဘ) ဦးဝင်းဘို၊ ဦးလှော်ကြီး ၇၈/၂၀၁၇နှစ် (ဘ)ဦးမောင်လှ၊ မောင်ပြည့်စုံလင်း ၈/၂၀၁၇နှစ် (ဘ) ဦးနိုင်လင်း၊ ကိုဝင်းဘို ၃၅/၂၀၁၇နှစ် (ဘ)ဦးတင်လင်း၊ မောင်ဟန်စိုးသူလင်း ၈/၂၀၁၇နှစ် (ဘ) ဦးသန်းထိန်လင်း (မစိုးရိမ်ရ)ဒဏ်ရာများရရှိခဲ့ပြီး န/ဂွေးချိုကျေးရွာအုပ်စု ထန်းပင်ချိုင့်ကျေးရွာမှလည်း မသန်းညွန့် ၃၉/၂၀၁၇နှစ် (ဘ)ဦးဝင်းမောင် ၊ မယဉ်ယဉ်ထွန်း ၁၂/၂၀၁၇နှစ် (ဘ)ဦးဘိုဌေး ၊ဒေါ်လှသွယ် ၆၇/၂၀၁၇နှစ် (ဘ)ဦးကျော်ရ၊(မစိုးရိမ်ရ)တို့နှင့် ဦးအောင်ဝင်းနိုင် ၅၀/၂၀၁၇နှစ် (ဘ)ဦးသောင်းရီ(စိုးရိမ်ရ)၊ ဒေါ်သန်းရီ၅၃/၂၀၁၇နှစ် (ဘ)ဦးရေကြည်၊(စိုးရိမ်ရ) ဦးအောင်စိန်မြင့် ၆၄/၂၀၁၇နှစ် ဦးငြိမ်းမောင် (စိုးရိမ်ရ)တို့အား နတ်မောက်ဆေးရုံမှ မကွေးဆေးရုံသို့လွဲပြောင်းခဲ့ရကြောင်းသတင်းရရှိသည် ။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ယာဉ်အားမဆင်မခြင်မောင်းနှင်ရာမှ ယာဉ်တိမ်းမှောက်ပြီး ယာဉ်ပေါ်ပါသူများ ဒဏ်ရာရရှိချိန်တွင် ကူညီဆောင်ရွက်မှုမပေးသည့်ပြင် ဆေးရုံနှင့် တာဝန်ရှိသူများထံသို့ သတင်းပေးပို့ခြင်းမရှိဘဲ အခင်းဖြစ်နေရာမှ တာဝန်မဲ့စွာထွက်ပြေးတိမ်းရှောင်သွားသူ ယာဉ်မောင်း မိုးမင်းအား ၂၀၁၇ ဒီဇင်ဘာ ၂ ရက် ညနေ ၆ နာရီ ၅ မီနစ်အချိန် နတ်မောက်ရဲစခန်း (ပ)၄၇/၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၃၃၇ /၂၀၂ ဖြင့် အမှုရေးဖွင့်ဆောင်ရွက်ထားရှိပြီး တရားခံမိုးမင်းအား အမြန်ဆုံးဖမ်းဆီးအရေးယူနိုင်ရေး နတ်မောက်ရဲစခန်းမှ န/ထခေါင်းဆောင် ဒုရဲအုပ် ရဲဇော်ထက်နှင့်နယ်ထိန်းတပ်ဖွဲ့ဝင်များမှတရားခံအား အမြန်ဆုံး ဖမ်းဆီးနိုင်ရေး အပူတပြင်းတောနှင်း ရှာဖွေလျှက်ရှိပါကြောင်း သတင်းရရှိပါသည်။

လှိုင်ဘွား (မြို့ သစ်)
မဆင်မခြင်မောင်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွား လူ (၁၆) ဦး ပြင်းထန်ဒဏ်ရာရ မဆင်မခြင်မောင်း ယာဉ်တိမ်းမှောက်မှုဖြစ်ပွား လူ (၁၆) ဦး ပြင်းထန်ဒဏ်ရာရ Reviewed by THITHTOOLWIN on 11:24 Rating: 5
Powered by Blogger.