ရိုဟင်ဂျာတွေ လုံခြုံရေးအာမခံချက် မရှိသေးကြောင်း လူ့အခွင့်အရေးအဖွဲ့တွေ ပြောကြား

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ မွတ်စလင် ဒုက္ခသည်စခန်းတွေကို တွေ့ရစဉ် / Photo: UNHCR
ဘင်္ဂလားဒေ့ရှ်ကိုထွက်ခွာသွားတဲ့ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေးကို ဇန်နဝါရီလအတွင်းစတင်ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံက အတိအကျသတ်မှတ် လိုက်ပေမယ့် သူတို့ရဲ့ လုံခြုံရေးအတွက် အခိုင်အမာအာမခံလို့ မရသေးဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက သတိပေးနေကြပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်နေ့က သဘောတူလက်မှတ် ထိုးခဲ့တဲ့အတိုင်း အကောင်အထည်ဖော်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာတွေ့ဆုံပြီး အခုလိုအပြီးသတ်အတည်ပြု လိုက်ကြတာဖြစ်ပါတယ်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဟာ ဒုက္ခသည်တွေရဲ့အထောက်အထားအချက်အလက်တွေကို အတည်ပြုရေးအတွက် အချိန်အတိုင်းအတာကန့်သတ် တာကစလို့ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ကနဦး လုပ်ငန်းစဉ်တွေကို စတင်နေပြီလို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက် မှာဖော်ပြထားပါတယ်။

RFA Burmese
http://www.rfa.org/burmese
ရိုဟင်ဂျာတွေ လုံခြုံရေးအာမခံချက် မရှိသေးကြောင်း လူ့အခွင့်အရေးအဖွဲ့တွေ ပြောကြား ရိုဟင်ဂျာတွေ လုံခြုံရေးအာမခံချက် မရှိသေးကြောင်း လူ့အခွင့်အရေးအဖွဲ့တွေ ပြောကြား Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.