ခင်ဦးမြို့နယ်တရားရုံးက ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုဖြင့် အဒေါ်အရင်းဖြစ်သူအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ်နှစ် အမိန့်ချ


ခင်ဦး ဒီဇင်ဘာ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ခင်ဦးမြို့နယ်တရားရုံး၌ ဒီဇင်ဘာ ၂၆ ရက် ညနေ ၃ နာရီက သုံးနှစ်အရွယ်ရှိ တူမအရင်း အပေါ် ညှဉ်းပန်းနှိပ်စက်သော အဒေါ်အရင်းဖြစ်သူအား အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ သြဂုတ် ၁၄ ရက်က ခင်ဦးမြို့ မြကန်သာ အနောက်ပိုင်း ရပ်ကွက်တွင် အိမ်ငှားရမ်းနေထိုင်သော အဒေါ်အရင်းဖြစ်သူ ခိုင်မာ (၃၂ နှစ်)၊ ဦးလေးအရင်းဖြစ်သူ ကျော်မိုးအောင် (၂၇နှစ်)နှင့် တူမအရင်းဖြစ်သူ မယွန်းဝတီ သုံးနှစ်၏ မိဘများမှာ ခေတ္တထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်နေသော (ဘ)ဦးစိုးမိုးအောင်၊ (မိ)ဒေါ်တင်တင် အေးတို့နှင့်အတူ ငှားရမ်းနေထိုင်လာ ခဲ့ရာ အဒေါ်အရင်းဖြစ်သူ ခိုင်မာက နေ့စဉ်ရက်ဆက်လိုလို သုံးနှစ်အရွယ်ရှိ တူမအရင်းဖြစ်သူ မယွန်းဝတီကို အရွယ်နှင့်မမျှ အခန်းတံခါးပိတ် ရိုက်နှက် နှိပ်စက်ခဲ့ရာ ဝမ်းဗိုက်၊ တင်ပါး၊ ကျော၊ လက်နေရာများတွင် ညိုမည်းဖူးရောင် အရှိုးရာဒဏ်ရာများနှင့် ညာဘက်လက်ဖျံ အရိုးရောင်ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ သဖြင့် ခင်ဦးပြည်သူ့ဆေးရုံမှ ရွှေဘို ကလေးအထူးကုဆေးရုံကြီးသို့ အတွင်း လူနာအဖြစ် ပို့ဆောင်ကုသလျက်ရှိ ကြောင်း '' Chit San " account ခေခသကညအ အမည်ဖြင့် ဖော်ပြထား၍ လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ပျံ့နှံ့နေမှုကြောင့် သြဂုတ် ၁၆ ရက်က တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သူဇာအောင်က တရားလိုပြုလုပ် တိုင်တန်းရာ မြို့နယ်တရားရုံးမှ ရာဇဝတ် ကြီးအမှု၊ ကလေးသူငယ်ဥပဒေဖြင့် အဆိုပါ အဒေါ်အရင်းဖြစ်သူ ခိုင်မာ (၃၂နှစ်)အားတရားစွဲဆို အရေးယူဆောင် ရွက်ထားခဲ့သည်။

အမိန့်ချ

ယင်းအမှုနှင့် ပတ်သက်၍ သုံးနှစ် အရွယ်ရှိ တူမအရင်းဖြစ်သူ မယွန်းဝတီ အပေါ် ညှဉ်းပန်းနှိပ်စက်ခဲ့သော အဒေါ် အရင်းဖြစ်သူ ခိုင်မာ (၃၂ နှစ်)အား ကလေးသူငယ် ညှဉ်းပန်းနှိပ်စက်မှုဖြင့် ဒီဇင်ဘာ ၂၆ ရက်က မြို့နယ်တရားရုံး မှ အလုပ်ကြမ်းနှင့် ထောင်ဒဏ်နှစ်နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ချစ်စံ(ခင်ဦး)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS/
ခင်ဦးမြို့နယ်တရားရုံးက ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုဖြင့် အဒေါ်အရင်းဖြစ်သူအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ်နှစ် အမိန့်ချ  ခင်ဦးမြို့နယ်တရားရုံးက ကလေးသူငယ်ညှဉ်းပန်းနှိပ်စက်မှုဖြင့် အဒေါ်အရင်းဖြစ်သူအား အလုပ်ကြမ်းနှင့်ထောင်ဒဏ် နှစ်နှစ် အမိန့်ချ Reviewed by THITHTOOLWIN on 10:54 Rating: 5
Powered by Blogger.