ဆောင်းပါးရှင်တစ်ဦး ဓါးထိုးခံရ

ရခိုင်ပြည်နယ် စစ်တွေမြို့က ဆောင်းပါးရှင် ကိုကျော်လင်း ကို တွေ့ရစဉ်/ Photo: Kyaw Linn's facebook
ဝေဖန်ရေးဆောင်းပါးတွေရေးနေတဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့က ကိုကျော်လင်းဟာ ဒီနေ့ နေ့လည်မှာ ဓါးထိုးခံခဲ့ရတာကြောင့် စစ်တွေဆေးရုံကြီးမှာ အရေးပေါ်ဆေးကုသမှု ခံယူနေရပါတယ်။

ဒီနေ့နေ့လည်က စစ်တွေမြို့ မင်းဂံရပ်ကွက်မှာရှိတဲ့ သူ့ရဲ့နေအိမ်ကနေ မိတ်ဆွေတစ်ဦးနဲ့အတူ ဆိုင်ကယ်စီးပြီး ထွက်လာရာမှာ ဝေသာလီအားကစားကွင်းနားအရောက်မှာ ဆိုင်ကယ်တစ်စီးပေါ်လိုက်ပါလာတဲ့ အမည်မသိ လူနှစ်ဦးက ဓါးနဲ့ နောက်ကနေလိုက်ထိုးပြီး လုပ်ကြံခဲ့တာလို့ ကိုကျော်လင်းနဲ့အတူပါလာတဲ့ မိတ်ဆွေဖြစ်သူက ပြောပါတယ်။

ကျောမှာ ထိုးသွင်းဒဏ်ရာနှစ်ချက်ရရှိပြီး အမည်မသိဆိုင်ကယ်သမားနှစ်ဦးကတော့ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ကိုကျော်လင်းဟာ ကျော်လင်း(ရောင်စုံ)အမည်နဲ့ ဒီမိုကရစ်တစ်မြန်မာ့အသံ (DVB) သတင်းဌာနမှာ နိုင်ငံရေးနဲ့ ရခိုင်ပြည်နယ်ထဲက မူးယစ်ဆေးဝါးအကြောင်းတွေကို ဆောင်းပါးတွေ ရေးသားနေသူတစ်ဦး ဖြစ်သလို ရခိုင်အမျိုးသားပါတီ(ANP) နဲ့ AA ရက္ခိုင့်တပ်မတော်နဲ့ ပတ်သက်ပြီးလည်း ဝေဖန်ရေးဆောင်းပါးတွေ ရေးသားနေသူ တစ်ဦး ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
ဆောင်းပါးရှင်တစ်ဦး ဓါးထိုးခံရ ဆောင်းပါးရှင်တစ်ဦး ဓါးထိုးခံရ Reviewed by THITHTOOLWIN on 18:08 Rating: 5
Powered by Blogger.