လူ(၈)ဦးသေဆုံးခဲ့သည့် အမြန်လမ်းကားမီးလောင်မှု ယာဉ်မောင်းကို ပုဒ်မထပ်တိုးပြီး စွဲချက်တင်


ပြီးခဲ့တဲ့ ဇန်နဝါရီလက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး (၄)မိုင်(၂)ဖာလုံမှာဖြစ်ပွားခဲ့တဲ့ကားမီးလောင်ကာ လူ(၈)ဦးသေဆုံးခဲ့တဲ့ အမှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထားတဲ့ ယာဉ်မောင်း အောင်ခန့်ဇွဲမြန်မာကို မူလစွဲဆိုထားတဲ့ ပုဒ်မ၃၀၄(က)အပြင် ပုဒ်မ၂၈၅၊ ပုဒ်မ၂၇၉ တို့ကို ထပ်တိုးပြီး ဒီဇင်ဘာ (၂၉) ရက်မှာ စွဲချက်တင်လိုက်ပါတယ်။

 အခုလို ပုဒ်မ(၂)ခု ထပ်တိုး လိုက်ရတာဟာ အမှုစစ်ဆေးချက်အရ အဲဒီပုဒ်မတွေနဲ့ ငြိစွန်းတဲ့အတွက် ထပ်တိုးလိုက်တာ ဖြစ်တယ်လို့ လှည်းကူးမြို့နယ်တရားသူကြီးက ပြောပါတယ်။

 အဲဒီအမှုမှာ တရားလိုအပါအဝင် တရားလိုပြသက်သေ(၂၂)ဦးစစ်ဆေးခဲ့ပြီး တရားစွဲဆိုပြီး (၁၀)လ ကျော်အကြာမှာ ထပ်တိုးပုဒ်မတွေနဲ့ စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

 နောက်ထပ်ရုံးချိန်းကို (၂၀၁၈) ခုနှစ် ဇန်နဝါရီ (၅)ရက်ကို ချိန်းဆိုထားပြီး အောင်ခန့်ဇွဲမြန်မာရဲ့ တောင်းဆိုချက်အရ တရားလို ရဲအရာရှိအပါအဝင် ရဲတပ်ဖွဲ့ဝင်(၄)ဦးကို ပြန်ခေါ်သက်သေအဖြစ် စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 (၂၀၁၇)ခုနှစ်၊ ဇန်နဝါရီ(၂၁)ရက် နံနက်အစောပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး၊ (၄)မိုင်(၂)ဖာလုံမှာ ရန်ကုန်ဘက်ကိုမောင်းနှင်လာတဲ့ ကိုယ်ပိုင်ယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကိုဝင်တိုက်ကာ မီးလောင်ခဲ့ပြီး ယာဉ်ပေါ်ပါလာသူ (၉)ဦးအနက် (၈)ဦး မီးလောင်သေဆုံးခဲ့တဲ့အမှုဖြစ်ပါတယ်။

 အဲဒီအမှုနဲ့ပတ်သက်ပြီး ယာဉ်မောင်း အောင်ခန့်ဇွဲမြန်မာကို အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ပုဒ်မ၃၀၄(က)နဲ့ လှည်းကူးမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ ဒီသတင်းကို Central News Bureau က သီဟစိုးလွင် ပေးပို့တာ ဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ