ဝေါမြို့ ဝင်ကြေးဂိတ်အနီး ယာဉ်လေးစီး ဆင့်တိုက်မှုဖြစ်ပွား


ဝေါ ဒီဇင်ဘာ (၆)

ပဲခူးတိုင်းဒေသကြီး ဝေါမြို့အဝင် မြို့ဝင်ကြေးဂိတ်အနီး ဒီဇင်ဘာ (၆) ရက် ည (၆) နာရီအချိန်ခန့် က ယာဉ်လေးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်းသတင်းရ ရှိသည်။

"ကျွန်မတို့ က ကားနှစ်စီးနဲ့ ကျို က်ထီးရိုး ဘုရားဖူးပြီးပြန်လာတာ ကျွန်မက ဒုတိယကားမှာ မြို့ဝင်ကြေးဂိတ်အဝင်မှာတက္ကစီ ကားတစ်စီးကကျွန်မတို့ ကားနှစ်စီးကို ကျော်တက်ပြီး ရှေ့ကရပ်လိုက်ချိန်မှာ ရှေ့ကားက အရှိန်သတ်လိုက်တော့ ကျွန်မတို့ စီးလာတဲ့ကားက အရှိန်မထိန်းနိုင်ဘဲ တိုက်မိတယ် "ဟု ကားလေးစီး ဆင့်တိုက်မှုဖြစ်စဉ်တွင် တတိယမြောက်ကားတွင်စီးနင်းလိုက်ပါလာသူ ထောက်ကြံ့မြို့ နေ ဒေါ်ခင်ဌေးဝင်း ကပြောသည်။

၎င်း ဒေါ်ခင်ဌေးဝင်း စီးနင်းလာသည့်ကား၏ နောက်မှကပ်ပါလာသော ကားကလည်း အရှိန်မထိန်းနိုင်ဘဲ ကားလေးစီးဆင့်ကဲဆက်တိုက်မိကြောင်း ယာဉ်လေးစီး ဆင့်တိုက်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရသူ အချို့ ရှိပြီး စိုးရိမ်ဖွယ်အခြေအနေမရှိကြောင်းဆက်လက်သိရှိရသည်။

Photo-ဘုန်းသော်(ဝေါ)
News -Waw Media
https://www.facebook.com/reporter.wawmedia

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ