မန္တလေးမြို့၊ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ဒီဇင်ဘာလ ၂၄ရက်နေ့ နံနက် ၁၀:၅၇အချိန်က ပြင်ဦးလွင်မြို့နယ်၊ အနီးစခန်း ဆင်ခေါင်းကြီး ကျေးရွာနေ အသက် ၃၁နှစ်အရွယ်ရှိ မယဉ်ယဉ်အေးဆိုသူမှ ရင်ချင်းဆက် အမွှာအပါအဝင် သုံးမွှာပူးမွေးဖွားခဲ့ကြောင်း သိရသည်။
"ကျွန်မတို့ဆေးရုံကို ဒီဇင်ဘာလ ၂၂ရက်နေ့ ညနေ ၃နာရီလောက်က စရောက်ပါတယ်။ ဆေးရုံက လိုအပ်တဲ့စစ်ဆေးမှုတွေလုပ်ပြီး ဒီဇင်ဘာလ ၂၄ရက်နေ့ မနက် ၁၀နာရီ ၅၃မိနစ်မှာ ရင်ချင်းဆက် ဦးခေါင်းနှစ်ခုပူး မျက်နှာတစ်ခုတည်းရှိတဲ့ အမွှာ မိန်းကလေး(၂)ဦးကို ပထမမွေးပါတယ်။ ကိုယ်အလေးချိန်က (၁.၂၅)ကီလိုဂရမ် ရှိပါတယ်။ နောက် လေးမိနစ်ခြားပြီး ၁၀နာရီ ၅၇မိနစ်မှာ ယောက်ျားလေးတစ်ယောက် မွေးပါတယ်။ သူက ကိုယ်အလေးချိန်(၁.၂၅)ကီလိုဂရမ် ရှိပါတယ်။ မိန်းကလေးရင်ချင်းဆက်အမွှာကတော့ မွေးပြီးချင်း ဆုံးသွားရှာပါတယ်။ ယောက်ျားလေးကလည်း အခု မွေးကင်းစကလေး ကြပ်မတ်ကုသဆောင်မှာထားပြီး လိုအပ်တဲ့ ကုသမှုတွေ ဆောင်ရွက်ပေးနေပါတယ်"ဟု မယဉ်ယဉ်အေးကပြောသည်။
လက်ရှိအချိန်တွင် မယဉ်ယဉ်အေးမှာ ဆေးကုသဆောင်(၃)တွင် တက်ရောက် ကုသမှုခံယူလျက်ရှိကာ ၎င်း၏ အစ်မဖြစ်သူ မအေးအေးမွန်က အနီးကပ်ပြုစုစောင့်ရှောက်လျက်ရှိကြောင်း သိရသည်။
( Ah Lin Nge )
TheMandalayNewsJournal
https://www.facebook.com/TheMandalayNewsJournal/
မန္တလေးမြို့၊ ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် ရင်ချင်းဆက် အမွှာအပါအဝင် သုံးမွှာပူးမွေးဖွား
Reviewed by THITHTOOLWIN
on
18:34
Rating:
