တာချီလိတ်တွင် ကားဘီးပေါက်၍ ရပ်ထားသည့် မော်တော်ယာဉ်အား ဝင်တိုက်မိရာမှ ဆိုင်ကယ်စီးလူငယ်သေဆုံး


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)ကျေးရွာအုပ်စု၊ နမ့်လွတ်(အာခါ)ရွာအနီး တာချီလိတ် - ၀မ်ပုံကားလမ်းတွင် ဒီဇင်ဘာလ(၂၅)ရက်နေ့ ညက ရပ်ထားသည့် မော်တော်ယာဉ်အား နောက်မှဆိုင်ကယ်ဖြင့် ဝင်တိုက်မိ၍ လူငယ်တစ်ဦးသေဆုံးသွားကြောင်း သိရသည်။

အဆိုပါလမ်း တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း သတင်းအရ ရဲတပ်ဖွဲ့က သွားရောက် စစ်ဆေးရာ ကားဘီးပေါက်သဖြင့် ရပ်ထားသော ရာဘာတုံးများ တင်ဆောင်ထားသည့် ဒိုင်နာယာဉ်တစ်စီးအား ဆိုင်ကယ်စီးလာသူက အရှိန်ဖြင့် ဝင်တိုက်မိ၍ နေရာတွင် သေဆုံးသွားခြင်းဖြစ်သည်ကို စစ်ဆေးတွေ့ရှိရပြီး သေဆုံးသွားသူမှာ အသက် (၂၇)နှစ်အရွယ် စိုင်းခမ်းကျင်ဆိုသူဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။

သေဆုံးသူအား တာချီလိတ်နာရေးကူညီမှုအသင်းအကူအညီဖြင့် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့် ဆိုင်ကယ်မောင်းနှင်သူ စိုင်းခမ်းကျင်အား ၀မ်ပုံနယ်မြေရဲစခန်းတွင် ယာဉ် (ပ)၆/၂၀၁၇ ၊ရာဇသတ်ကြီးဥပဒေပုဒ်မ၂၇၉ /၃၀၄(က)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - စိုင်းဇေယျာ
ဓါတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း
Tachileik News Agency
http://www.tachileik.net
တာချီလိတ်တွင် ကားဘီးပေါက်၍ ရပ်ထားသည့် မော်တော်ယာဉ်အား ဝင်တိုက်မိရာမှ ဆိုင်ကယ်စီးလူငယ်သေဆုံး တာချီလိတ်တွင် ကားဘီးပေါက်၍ ရပ်ထားသည့် မော်တော်ယာဉ်အား ဝင်တိုက်မိရာမှ ဆိုင်ကယ်စီးလူငယ်သေဆုံး Reviewed by THITHTOOLWIN on 17:16 Rating: 5
Powered by Blogger.