ကလေးငယ်တွေကို အနည်းဆုံး တပတ်ကို တကြိမ် ငါးအစားအစာတွေ ကျွေးမွေးခြင်းအားဖြင့် ဥာဏ်ရည်ဥာဏ်သွေး ထက်မြက်ကောင်းမွန်ရုံမက အိပ်ရေးလည်း ပိုဝစေနိုင်တယ်လို့ အမေရိကန်ပြည်ထောင်စု ပင်ဆီလ်ဗေးနီးယားပြည်နယ် တက္ကသိုလ်ပညာရှင်တွေက ပြောကြားလိုက်ပါတယ်။
အခု နောက်ဆုံး သုတေသနပြုချက်တွေအရ ငါးတွေမှာပါဝင်တဲ့ Omega 3 အဆီဟာ ဥာဏ်ရည်ထက်မြက်စေရုံမျှမက ကလေးတွေကို ပိုမိုအိပ်စက်နားနေအောင် အထောက်အကူဖြစ်ကြောင်း တွေ့ရှိရတာပါ။
ဒီသုတေသနအတွက် တရုတ်ပြည်မှာရှိတဲ့ အသက် ၉ နှစ် နဲ့ ၁၁ နှစ်အကြား ကလေး ၅ဝဝ ကျော်ကို အမေရိကန်တက္ကသိုလ်ပညာရှင်တွေက လေ့လာစမ်းသပ်ခဲ့တယ်လို့ ဆိုပါတယ်။
Photo: www.livestrong.com
RFA Burmese
https://www.facebook.com/rfaburmese/
ကလေးတွေကို ငါးကျွေးပါ
Reviewed by THITHTOOLWIN
on
11:06
Rating:
