မြစ်သား၌ စောလူးမင်းကျောက်စာ တူးဖော်တွေ့ရှိ


မြစ်သား ဒီဇင်ဘာ ၆

သက္ကရာဇ် ၄၁၅ ခုဟုပါသည့် လွန်ခဲ့သော နှစ်ပေါင်း ၉၆ဝ က ၁၁ ရာစုခေတ် အနော်ရထာမင်း၏ သားတော် စောလူးမင်းရေးထိုးခဲ့ သောမြန်မာ၊ ပျူ၊ မွန်၊ ပါဠိ၊ ဂျွမ်း ငါးဘာသာနှင့်ရေးထိုးထားသော ကျောက်စာတစ်ချပ်ကို မြစ်သားမြို့ ပေတောပရဟိတကျောင်းတွင် ရှာ ဖွေတွေ့ရှိခဲ့သည်။

မြန်မာဘာသာရှစ်ကြောင်း၊ ပျူ လက်ရေးဖြင့် ပါဠိစာ ၁၄ကြောင်း၊ ပျူလက်ရေးဖြင့် ပျူစာခုနစ် ကြောင်းနှင့် တစ်မျက်နှာ၊ မွန်ဘာ သာဖြင့် ၁၅ ကြောင်း၊ ပါဠိဘာ သာဖြင့်ရှစ်ကြောင်း၊ ဂျွမ်းဘာသာ ဖြင့် လေးကြောင်းနှင့်တစ်မျက်နှာ စုစုပေါင်း နှစ်မျက်နှာရေးထိုးထား သော ငါးပေမြင့်ပြီး သုံးပေခွဲခန့် ကျယ်သောကျောက်စာကို ငါးပိုင်း ကျိုးလျက် လေးပိုင်းရှာဖွေတွေ့ရှိ ခဲ့သည်။
အဆိုပါကျောက်စာမှာ-

(၁) မြန်မာနိုင်ငံတွင် ပေါ်ပေါက်ခဲ့ သော သက္ကရာဇ်အတိအကျပါ သော ကျောက်စာထဲတွင် အစောဆုံးဖြစ်သည်။

(၂) သက္ကရာဇ်ပါသည့်အထဲတွင် စံထားကြသော ရာဇကုမာရ် ရေးထိုးခဲ့သည့် မြင်းကပါဂူ ပြောက်ကြီးကျောက်စာထက် စောသည်။

(၃) ဘာသာလေးမျိုးရေးထိုးခဲ့ သည့် တစ်ခုတည်းသော ရာဇ ကုမာရ်ကျောက်စာထက် တစ် ဘာသာပို၍ မြန်မာနိုင်ငံနယ် နိမိတ်အတွင်းတွင် တွေ့ရှိပေါ် ပေါက်သည့်အထဲတွင် တစ်ခု တည်းသောငါးဘာသာပါ သည့် ကျောက်စာဖြစ်သည်။

မွန်ကမ္ပည်းကျောက်စာပညာ ရှင် နိုင်ဘရှင်က စောလူးမင်း၏ ကုသိုလ်ဆိုသည်ကိုထင်ရှားစေခဲ့ပြီး ခုနှစ်သက္ကရာဇ်ကိုလည်း အတည် ပြုနိုင်ခဲ့ကြောင်း သိရသည်။

ကျော်မောင်ခင်
The Union Daily
https://www.facebook.com/uniondaily.net
မြစ်သား၌ စောလူးမင်းကျောက်စာ တူးဖော်တွေ့ရှိ မြစ်သား၌ စောလူးမင်းကျောက်စာ တူးဖော်တွေ့ရှိ Reviewed by THITHTOOLWIN on 20:18 Rating: 5
Powered by Blogger.