ဧရာဝတီတိုင်းဒေသကြီး၊ ကျောင်းကုန်းမြို့နယ်၊ အိုးဘိုကျေးရွာ ကျောင်းကုန်းတံတားအနီးမှာ ဒီဇင်ဘာ(၂၆)ရက် ညနေ(၃)နာရီက စပါးအုံးမြွေကြီးတစ်ကောင် ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။
အဲဒီစပါးအုံးမြွေကြီးကို ဦးဇော်လေးက စတင်တွေ့ရှိခဲ့ပြီး ငါးဦးခန့် ဝိုင်းဝန်းဖမ်းဆီးခဲ့ရကြောင်း၊အသက်မသေစေလိုလို့ကံဦး ဘုန်းကြီးကျောင်းကိုသွားရောက်ပို့ဆောင်ရာ လက်မခံလို့ ကျောင်းကုန်းမြို့နယ် သစ်တောဦးစီးဌာနကတောအုပ် ဦးဂျုလိုင်ဇင်ဆီလွှဲပြောင်းပေးအပ်ခဲ့တယ်လို့ဦးဇော်လေး ကပြောပါတယ်။
စပါးအုံးမြွေကြီးဟာအရှည်(၁၀)ပေကျော်၊ လုံးပတ် ၁၄ လက်မနဲ့အလေးချိန် ၁၁ ပိဿာ (၈၀)ကျပ်သား ရှိပြီး တောအုပ်ကရေကြည်မြို့နယ် သစ်တောဦးစီးဌာနရှိ ဦးစီးအရာရှိ ဆီလွှဲပြောင်းပေးကာ လမ်းညွှန်မှုခံယူမှာဖြစ်တယ်လို့ ဦးဂျုလိုင်ဇင် ကပြောပါတယ်။ ဒီသတင်းကို ဝင်းကြိုင်(ကျောင်းကုန်း)က ပေးပို့တာဖြစ်ပါတယ်။
Central News Bureau
https://www.facebook.com/skynetcnb
ကျောင်းကုန်းမြို့တွင် အရှည်(၁၀)ပေကျော်ရှိ စပါးအုံးမြွေကြီး ဖမ်းဆီးရမိ
Reviewed by THITHTOOLWIN
on
21:57
Rating:
