ဒလ၌ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား


ရန်ကုန် ဒီဇင်ဘာ ၇

ရန်ကုန်တောင်ပိုင်းခရိုင် ဒလ မြို့နယ်၌ ဒီဇင်ဘာလ ၅ ရက် ညနေ ၆ နာရီတွင်အမျိုးသားနှစ်ဦး စကား များရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား ခဲ့ရာ ဒလမြို့မရဲစခန်းမှူး ဒုရဲမှူး နိုင်ဝင်း၊ နယ်ထိန်းအရာရှိ ဒုရဲအုပ် ကြည်ဇော်ထွေးနှင့် နယ်ထိန်းတပ်ဖွဲ့ ဝင်များက ပြစ်မှုကျူးလွန်သူကို နာရီပိုင်းအတွင်း ဖမ်းဆီးနိုင်ခဲ့ပြီး အမှုဖွင့်အရေးယူထားသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၅ ရက် ညနေ ၆ နာရီတွင် ကမာကဆစ် ရပ်ကွက် ဗိုလ်မင်းရောင်လမ်းဘုန်း တော်ကြီး ကျောင်းရှေ့တွင် မောင် မောင်(ခ) ပါလွမ်း(၂ဝနှစ်)နှင့် မောင်မောင်(ခ) ဇေယျာမောင် (၃၂ နှစ်) မဟာဗန္ဓုလလမ်း မှော်စက် ရပ်ကွက်နေသူတို့ စကားများရန် ဖြစ်ကြကြောင်းသိရသည်။

ယင်းသို့ရန်ဖြစ်ရာတွင် မောင် မောင်(ခ)ဇေယျာမောင်က အိမ် ဆောက်ရာတွင်အသုံးပြုသော မော် တာဂန်းစက်ဖြင့် မောင်မောင်(ခ)ပါ လွမ်းအား ရိုက်လိုက်ရာ ဦးခေါင်း ယာဘက်ထိပ် သွေးထွက်ပေါက်ပြဲ ဒဏ်ရာရရှိလဲကျနေကြောင်းအရိုက် ခံရသူ၏ အစ်မဖြစ်သူ မမေသဲဖြူ (၃ဝနှစ်)က သတင်းရရှိသဖြင့် မိတ်ဆွေများ၏ အကူအညီဖြင့် ရန်ကုန်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ လမ်းတွင်သေဆုံးသွားသည်။

သို့ပါ၍ မမေသဲဖြူ(၃ဝနှစ်) ကျန်စစ်သားရပ်ကွက်နေသူမှမောင် ဖြစ်သူအား ရိုက်ခဲ့သူ မောင်မောင် (ခ)ဇေယျာမောင်အား အမှုဖွင့် အရေးယူပေးရန် တိုင်ကြားသော ကြောင့် မြို့မရဲစခန်းမှ (ပ) ၉၇၄/ ၂ဝ၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃ဝ၂ အရ အမှုဖွင့်လှစ်ပေးပြီး စခန်းမှူး နှင့် နယ်ထိန်းတပ်ဖွဲ့ဝင်များက ပြစ်မှုကျူးလွန်သူကို အချိန်နှစ်နာရီ ခွဲအတွင်း ရှာဖွေဖမ်းဆီး၍ စစ်ဆေး လျက်ရှိသည်။

ထွန်းလှ(ဒလ)
The Union Daily
https://www.facebook.com/uniondaily.net/
ဒလ၌ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား ဒလ၌ စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 18:52 Rating: 5
Powered by Blogger.