ဓာတ်​​လှေကားအတွင်း ပိတ်မိနေတဲ့​ လူ(၉)ဦးကို မီးသတ်တပ်ဖွဲ့ ကယ်ဆယ်


ဒီဇင်ဘာလ ၃ ရက်နေ့ နံနက် ၈ နာရီ ၅၀ မိနစ် အချိန်​ခန့် တွင်​ သင်္ယန်းကျွန်း​မြို့နယ်​ ဆ/က ရပ်​ကွက်​ ကျိုက္ကဆံဘုရားလမ်း​ သုမင်္ဂလာရာမ လယ်​တီဝိပဿနာ​ကျောင်းတိုက်​ကြီးဝန်​ ဓာတ်​​လှေကားအတွင်းတွင်​ လူ(၉)ဦး ပိတ်​မိ​နေ​သဖြင့် မီးသတ်တပ်ဖွဲ့ မှ သွားရောက် ကယ်ဆယ်ခဲ့ရ ကြောင်း သိရပါသည်။

တာ​မွေမြို့နယ်​ မီးသတ်​စခန်းမှ မြို့နယ်​မီးသတ်​ဦးစီးမှူး ဦး​ကျော်​လွင်​ဦး ဦး​ဆောင်​၍ (191)အသက်​ကယ်​ယာဉ်​(၁)စီး (AMBULANCE) ယာဉ်​(၁)စီး တပ်​ဖွဲ့ဝင်​(၁၂)ဦးဖြင့် ထွက်​ခွာ၍ (၀၉း၁၅) အချိန်​တွင်​ ပိတ်​မိ​နေ​သောလူ(၉)ဦးအား (hydrulic SPREATER) ကို အသုံးပြု၍ ကယ်​ထုတ်​နိုင်​ခဲ့သည်။

လူနာ(၃)ဦးအား TARMWE AMBULANCE ယာဉ်​ဖြင့် သင်္ယန်းကျွန်း စံပြ​ဆေးရုံသို့ ပို့​ဆောင်​​ပေးခဲ့ပါသည်​။ အဆိုပါဖြစ်​စဉ်​တွင်​ သင်္ယန်းကျွန်းမြို့နယ်​မှ မီးသတ်​ယာဉ်​(၁)စီးနှင့် တပ်​ဖွဲ့ဝင်​များ ပါဝင်​ကူညီ​ဆောင်​ရွက်​ခဲ့ပါသည်​။

Tarmwe Fsd
by သစ်ထူးလွင်
ဓာတ်​​လှေကားအတွင်း ပိတ်မိနေတဲ့​ လူ(၉)ဦးကို မီးသတ်တပ်ဖွဲ့ ကယ်ဆယ် ဓာတ်​​လှေကားအတွင်း ပိတ်မိနေတဲ့​ လူ(၉)ဦးကို မီးသတ်တပ်ဖွဲ့ ကယ်ဆယ် Reviewed by THITHTOOLWIN on 11:54 Rating: 5
Powered by Blogger.