ဥက္ကံ တဘူးလှ ဆည်အတွင်း အမျိုးသားတစ်ဦး အလောင်းတွေ့ရှိ


တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အရှေဘက် တဘူးလှ ဆည်အတွင်းမှာ ဒီဇင်ဘာ(၃)ရက်က ရေနစ်သေ ဆုံးနေတဲ့ အမျိုးသားအလောင်း တွေ့ရှိကြောင်း ဥက္ကံမြို့နယ်မြေ ရဲစခန်းမှ သိရပါတယ်။ တဘူးလှဆည်ကျားကိုက်မြောင်မှာ ကျွဲကျောင်းသွားရင်း ရေနစ်သေဆုံး တာဖြစ်ပြီး သေဆုံးသူဟာချောင်းစောက်ကျေးရွာအုပ်စု မအူကုန်ကျေးရွာနေ မျိုးဝင်းဖြစ်ကြောင်း ဥက္ကံနယ်မြေ ရဲစခန်းကနေသိရပါတယ်။

 သေဆုံးသူဟာ ကျွဲကျောင်းသွားမယ်ဆိုပြီး အိမ်မှပျောက်သွားသည်မှာ (၅)ရက်ကြာပြီးဖြစ်ပြီး ရွာသားတွေက လိုက်လံရှာဖွေပေမယ့် မတွေ့ရှိ ကြောင်း သေဆုံးသူဟာ လေဖြတ်ဖူးပြီး တီဘီဆေးသောက်နေသူဖြစ်ကြောင်း သေဆုံးသူ၏ ဇနှီးဖြစ်သူ မဌေးဌေးမြင့်က ပြောပါတယ်။

အဲဒီသေဆုံးမှုနဲ့ ပတ်သက်ပြီးဥက္ကံ မြို့ နယ်မြေရဲစခန်းက ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေးနေပြီး သေမှုသေခင်းအမှတ်စဉ် ၅/ ၂၀၁၇ ဖြင့် အမှုဖွင့် ရေးယူဆောင်ရွက်နေတယ်လို့သိရပါတယ်။ ဒီသတင်းကိုတင်ဝင်းနိုင် (တိုက်ကြီး) ပေးပို့တာဖြစ်ပါတယ်။

Central News Bureau
https://www.facebook.com/skynetcnb
ဥက္ကံ တဘူးလှ ဆည်အတွင်း အမျိုးသားတစ်ဦး အလောင်းတွေ့ရှိ ဥက္ကံ တဘူးလှ ဆည်အတွင်း အမျိုးသားတစ်ဦး အလောင်းတွေ့ရှိ Reviewed by THITHTOOLWIN on 18:08 Rating: 5
Powered by Blogger.