အောင်ပန်း-တောင်ကြီးမှာ ဆိုင်ကယ်နှင့် ဖောကားတိုက်မှု ဖြစ်ပွား (၁)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရ


ဒီဇင်ဘ်ာလ ၁ ရက်နေ့ ညနေ(၃း၀၀)နာရီအချိန်ခန့်က ရှမ်းပြည်နယ် အောင်ပန်းမြို့ နယ် အောင်ပန်း-တောင်ကြီးသွားလမ်း သာမိုင်ခမ်းတံတားအကျော်အကွေ့ ကမ္ဘာဇခြံရှေ့လမ်းမပေါ်မှ  ဖောကားနှင့် ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာ (၁)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


ဖောကားနဲ့ တိုက်မိတာက ကိုဇော်လင်းထွန်းနှင့် မောင်ထက်အောင်ဖြိုး စီးလာတဲ့ ဆိုင်ကယ် ဖြစ်ပြီး လူနာတွေကို "အောင်ပြည့်စုံ သွေးအလှူရှင်အသင်း"က အောင်ပန်းပြည်သူ့ဆေးရုံကို ပို့ဆောင်ကူညီပေးခဲကြတယ်။

ဆေးရုံအရောက်မှာ ကိုဇော်လင်းထွန်း ၊ လှည်းရိုးရပ်ကွက်နေသူ ကွယ်လွန်သွားပြီး၊ မောင်ထက်အောင်ဖြိုး ၊ ရွာငံစုရပ်ကွက်နေသူကတော့ အတွင်းလူနာအဖြစ် အောင်ပန်းပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူ နေကြောင်း သိရပါတယ်။

သတင်း - ဓါတ်ပုံ ။ ။ နာ/ကူ(အောင်ပန်း)
အောင်ပန်း-တောင်ကြီးမှာ ဆိုင်ကယ်နှင့် ဖောကားတိုက်မှု ဖြစ်ပွား (၁)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရ အောင်ပန်း-တောင်ကြီးမှာ ဆိုင်ကယ်နှင့် ဖောကားတိုက်မှု ဖြစ်ပွား (၁)ဦးသေဆုံး၊ (၁)ဦးဒဏ်ရာရ Reviewed by THITHTOOLWIN on 09:08 Rating: 5
Powered by Blogger.