မန္တလေး ကျုံးဘေး ၆၆×၁၂လမ်းထောင့်တွင် အမျိုးသားတစ်ဦး သေဆုံးနေ


ဒီဇင်ဘာလ ၁၉ရက်နေ့ ညနေ ၅နာရီအချိန်ခန့်က မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၆၆လမ်း၊ ၁၂×၁၄လမ်းကြား၊ ကျုံးဘေးပလက်ဖောင်းပေါ်တွင် အမျိုးသားတစ်ဦးသေဆုံးနေကြောင်း သတင်းအရ အမှတ်(၁)နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ အသက်(၃၀)နှစ်ခန့်ရှိ အမည်မသိ အမျိုးသား၊ နေရပ်လိပ်စာ (စိစစ်ဆဲ)ဖြစ်ကြောင်း တွေ့ရှိရပြီး ၎င်း၏ ခန္ဓာကိုယ်တွင် ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ သေဆုံးနေသဖြင့် အလောင်းအား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ရာ ဆေးရုံကြီးမှ (PR-01)ဖြင့် လက်ခံထားရှိကြောင်း ရဲမှတ်တမ်းများအရသိရသည်။


သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စုံစမ်းစစ်ဆေးနိုင်ရန် အမှတ်(၁)နယ်မြေရဲစခန်း သေမှုသေခင်း အမှတ်စဉ်(၇/၂၀၁၇)ဖြင့် ရေးဖွင့်ထားရှိကြောင်း သိရသည်။

( Photo : TTA )
( Ah Lin Nge )
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal
မန္တလေး ကျုံးဘေး ၆၆×၁၂လမ်းထောင့်တွင် အမျိုးသားတစ်ဦး သေဆုံးနေ မန္တလေး ကျုံးဘေး ၆၆×၁၂လမ်းထောင့်တွင် အမျိုးသားတစ်ဦး သေဆုံးနေ Reviewed by THITHTOOLWIN on 20:53 Rating: 5
Powered by Blogger.