![]() |
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ငခူရကျေးရွာ ဒုက္ခသည်လက်ခံရေးစခန်း ဆောက်လုပ်နေတာကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့က တွေ့ရစဉ်/ Photo: Min Thein Aung/RFA |
နှစ်နိုင်ငံသဘောတူစာချုပ်အရ ဇန်နဝါရီလကုန်လောက်မှာစမယ့် ဒုက္ခသည်ပြန်လက်ခံရေး အစီအစဉ်အရ၊ ပထမဆုံးပြန်ပို့မယ့် လူ ၁ သိန်းကို စာရင်းလုပ်ထားတယ်လို့ လမ်းပမ်းဆက်သွယ်ရေးဝန်ကြီး အိုဘေဒူးလ် ကွာဒါက ပြောပါတယ်။
နှစ်ဖက်အစိုးရအရာရှိတွေက အဲဒီလူစာရင်းကို နောက်ဆုံးအဆင့် အတည်ပြုပြီးတာနဲ့ အမြန်ဆုံးပြန်ပို့မယ်လို့ ကွာဒါက ဆိုပါတယ်။ ထွက်ပြေးသွားတဲ့သူတွေ ပြန်လက်ခံရေးဆောင်ရွက်မယ့် အလုပ်အဖွဲ့ရဲ့ နောက်တစ်ကြိမ် အစည်းအဝေးကို မြန်မာနိုင်ငံမှာ လုပ်မှာဖြစ်ပြီး၊ ဘယ်လိုစပြီး လက်ခံမလဲဆိုတာ ဆုံးဖြတ်ကြမယ်လို့ ပြောပါတယ်။
RFA Burmese
http://www.rfa.org/burmese
ပထမသုတ် လူ ၁ သိန်း ပြန်ပို့ဖို့ ဘင်္ဂလားဒေ့ရှ် ကြိုးပမ်း
Reviewed by THITHTOOLWIN
on
22:22
Rating:
