မောင်တောမြို့ ၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာဝန်ခံ အသတ်ခံရ


ဒီဇင်ဘာ ၆၊၂၀၁၇

မောင်တောမြို့၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာဝန်ခံ ရှော်ဖိတ်အာမန် (၃၄)နှစ် နေအိမ်သို့ ဒီဇင်ဘာ ၅ ရက် ည ၉ နာရီခွဲတွင် လူနှစ်ဦး(စီစစ်ဆဲ) ဝင်လာ၍ သေနတ်ဖြင့် ပစ်ပြီး ဓါးဖြင့် ခုတ်ခဲ့ရာ ရှော်ဖိတ်အာမန်တွင် ဝမ်းဗိုက်ပေါက်ထွက်၊ လည်ဂုတ်၊ ညာလက်ဖျံ၊ ဘယ်ပခုံး ပြတ်ရှ ဒဏ်ရာ များဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ မိနစ် ၄၀ တွင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိ စစ်ဆေးရာ ၇.၆၂ ကျည်ခွံ တစ်ခု နှင့် အိမ်နံရံအတွင်းမှ ကျည်ထိပ်ဖူးတစ်ခု တွေ့ရှိခဲ့သည်။

ရှော်ဖိတ်အာမန်အား ဓါးဖြင့်ခုတ်၊ သေနတ်ဖြင့် ပစ်ခဲ့သူ နှစ်ဦး (ဖမ်းမမိ)အား မကျီးချောင်းနယ်မြေစခန်း၌ (ပ) ၆၅/၂၀၁၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၃၄၊ လူသတ်မှု ၊ ပူးပေါင်းကြံစည်မြှုဖင့် အမှုဖွင့် စစ်ဆေး လျက်ရှိသည်။

Information Committee
https://www.facebook.com/InfomationCommittee
မောင်တောမြို့ ၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာဝန်ခံ အသတ်ခံရ မောင်တောမြို့ ၊ မကျည်းချောင်း ဒုညောင်ပင်ကြီးတောင် ကျေးရွာတာဝန်ခံ အသတ်ခံရ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.