ပင်လယ်ပြင် ပလတ်စတစ်အမှိုက်ကင်းရှင်းရေး နိုင်ငံ ၂၀၀ လက်မှတ်ထိုး

ပင်လယ်ပြင် ပလတ်စတစ်အမှိုက်ကင်းရှင်းရေး နိုင်ငံ ၂၀၀ လက်မှတ်ထိုး
ပင်လယ်ပြင်မှာ ပလတ်စတစ်အမှိုက်တွေကင်းရှင်းရေးဆိုင်ရာ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို နိုင်ငံ ၂၀၀ ကျော်က ကင်ညာနိုင်ငံ နိုင်ရိုဘီမြို့မှာ မနေ့က လက်မှတ်ရေးထိုးလိုက်ပါတယ်။ လက်ရှိနှုံးထား အတိုင်း ပင်လယ်ပြင် ဆက်ြ့ပီးညစ်ညမ်းနေမယ်ဆိုရင် ၂၀၅၀ ပြည့်နှစ်အရောက်မှာ ပင်လယ်မှာ ငါးထက် ပလတ်စတစ်တွေ ပိုများလာမယ်လို့ UNEP ကုလသမဂ္ဂပတ်ဝန်းကျင်အဖွဲ့က ပြောပါတယ်။

UNEP က ကမကထလုပ် အစည်းအဝေးကျင်းပတာဖြစ်ပြီး သမုဒ္ဒရာထဲ နှစ်စဉ် ပလတ်စတစ် အိတ်တွေ ဘူးခွံတွေ နဲ့ တခြားအမှိုက် တန်ချိန် သိန်း ၈၀ လောက် လွှင့်ပစ်နေကြတယ်လို့ ပြောပါတယ်။ ဒီအတွက် အဏ္ဍ၀ါသတ္တ၀ါတွေ သေဆုံးရပြီး လူ့ ရိက္ခာကွင်းဆက်ထဲမှာပါ ပလတ်စတစ်တွေ ပါလာတယ်လို့ သတိပေးပါတယ်။

လူတွေစားသုံးဖို့နှစ်သက်ကြတဲ့ ခရုနဲ့ အလားတူရေသတ္တ၀ါတွေအထဲမှာ အဏုကြည့်မှန်ဘီလူးနဲ့မှ မြင်နိုင်တဲ့ ပလတ်စတစ်အစအန အမှုန်အမွှားလေးတွေ့ရတယ်လို့ နော်ဝေ ပတ်ဝန်းကျင်ဝန်ကြီးက အသိပေးပါတယ်။

တရုတ်နိုင်ငံဟာ ပလတ်စတစ်အမှိုက် အများဆုံးထုတ်ပေမဲ့ လျှော့ချဖို့ အကြီးအကျယ် စတင်ကြိုးပမ်းနေတာကို ချီးကျူးပါတယ်လို့ UNEP အကြီးအကဲက ပြောပါတယ်။

ခုနောက်ဆုံးလက်မှတ်ရေးထိုးလိုက်တဲ့ ဆုံးဖြတ်ချက်အရ သမုဒ္ဓရာထဲ ပလတ်စတစ်တွေပစ်တဲ့ ပမာဏကို စတင်စောင့်ကြည့်ကြီးကြပ်ဖို့ နိုင်ငံတွေက သဘောတူညီလိုက်ကြပါတယ်။

( Photo credit: UNEA)
RFA Burmese
https://www.facebook.com/rfaburmese
ပင်လယ်ပြင် ပလတ်စတစ်အမှိုက်ကင်းရှင်းရေး နိုင်ငံ ၂၀၀ လက်မှတ်ထိုး ပင်လယ်ပြင် ပလတ်စတစ်အမှိုက်ကင်းရှင်းရေး နိုင်ငံ ၂၀၀ လက်မှတ်ထိုး Reviewed by THITHTOOLWIN on 12:13 Rating: 5
Powered by Blogger.