ပလပ်စတစ်စက်ရုံ မီးလောင်မှုဖြစ်ပွား

ပလပ်စတစ်စက်ရုံ မီးလောင်မှုဖြစ်ပွား
လှိုင်သာယာ ဒီဇင်ဘာ ၆

လှိုင်သာယာမြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၊ စက်မှုဇုန်(၅)၊ ရတနာလမ်း၊ အမှတ်(၄၉၄)ရှိ ပလပ်စတစ်စက်ရုံတွင် ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်(၄)နာရီ (၁၀) မိနစ်အချိန်တွင် ခြင်ဆေးခွေ ထွန်းညှိ၍ လုပ်ငန်း ဆောင်ရွက်ရာမှ ပြန်လည်ငြိမ်းသတ်ခြင်းမရှိဘဲ အိပ်ပျော်သွားစဉ် အနီးရှိ ပလပ်စတစ်များအား မီးစွဲလောင်ကျွမ်းပြီး မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် မီးသတ်ယဉ် (၁၀)စီး၊ အုပ်ချုပ်မှုယာဉ်(၂)စီး၊ မိတ်ဖက်ယာဉ်(၁)စီး ဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး (၄)နာရီ (၂၇) မိနစ်အချိန်တွင် မီးငြိမ်းခဲ့ပါသည်။

မီးလောင်ရာသို့ ရန်ကုန်မြောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး (ခေတ္တ) တို့ ရောက်ရှိ ကွက်ကဲဆောင်ရွက်ခဲ့ပြီး မီးလောင်မှုနှင့် ပတ်သက်၍ မီးပေါ့ဆစွာ သုံးစွဲသော ဦးသိန်းဇော်(၂၅ နှစ်)၊ (ဘ)ဦးတင်ရွှေ စက်ရုံမန်နေဂျာ၊ စက်ရုံနေသူအား သောင်ကြီးနယ်မြေ ရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ (၂၈၅) ဖြင့် အမှုဖွင့်လှစ် အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

မြို့နယ် ပြန်/ဆက်
MOI Webportal Myanmar
https://www.facebook.com/MOIWebportalMyanmar/
ပလပ်စတစ်စက်ရုံ မီးလောင်မှုဖြစ်ပွား ပလပ်စတစ်စက်ရုံ မီးလောင်မှုဖြစ်ပွား Reviewed by THITHTOOLWIN on 16:24 Rating: 5
Powered by Blogger.