ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားနှင့် ရှးဟောင်းအဆောက်အအုံများပေါ်သို့ နိုင်ငံခြားခရီးသွားများ တက်ရောက်ခြင်း မပြုရန် ဇုန်ဝင်လက်မှတ်တွင် အသိပေးရိုက်နှိပ်ဖေါ်ပြမည်


ဒီဇင်ဘာ ၁၂ ။

မန္တလေးတိုင်းပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိဘုရားများနှင့်ရှေးဟောင်း အဆောက်အအုံများ ပေါ်သို့ တက်ရောက်၍ နေ၀င်/နေထွက်ရှုခင်းကြ ည့်ခြင်းမည်သူမှမပြုလုပ်ရန် နိုဝင်ဘာ ၃၀ ရက်နေ့ကတားမြစ် လိုက် ပြီး နိုင်ငံခြားခရီးသွားများသိရှိလိုက်နာစေရန် ဇုန်ဝင်လက် မှတ်တွင် ရိုက်နှိပ် အသိပေးမည်ဖြစ်သည်။

ဘုရားများပေါ်သို့တက်ရောက်ခြင်းမှာဗုဒ္ဓဘာသာအရမသင့်တော်ခြင်း၊ေ ရှးေ ဟာင်းအမွေအနှစ်များ ပျက်စီး စေနိုင်ခြင်းနှင့်အန္တရာယ်ဖြစ်စေ နိုင်ခြ င်းဟူသော အချက် ၃ ချက်ဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့ရုံးပြု လုပ် ခဲ့သည့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေစီမံခန့်ခွဲမှုအဖွဲ့ ဆုံးဖြတ်ချ က်ြ ဖင့် တားမြစ်ခြင်းဖြစ်သည်။


“ဘုရားတွေပေါ်ကနေ နေ၀င်နေထွက် ကြည့်ရာမှာ ဘာသာရေးအရ မ သင့်တော် သလိုဘုရားတွေ ပေါ်က ပြုတ်ကျတာတွေရှိခဲ့တယ်။ လက်ရှိ ပညာပေးကာလ ပေါ့။ဒိဘုရားတွေပေါ်မှာ မတက်ဖို့ ပညာေ ပးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်မယ်။ရှုခင်းကြည့်ဖို့ နေရာသုံးခုဆောင်ရွက်ပေးထားပြီး နောက်ထပ် ၂ နေရာ ရှာနေပါတယ်။” ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဥိးစီးဌာန (ပုဂံ)မှ ညွန်ကြားရေးမှူး ဦးအောင်အောင်ေ ကျာ်ကပြောသည်။

ပုဂံဒေသကို ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်စာရင်း ၀င်ရောက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး လွန်ခဲ့သော နှစ်ပေါင်း ၈၀၀ ကျော်ကအဆောက်အ အုံများဖြစ်၍ ရာသီဥတုနှင့် ငလျင်ကဲ့သို့သော သဘာဝဘေးကို အကြိမ်ကြိမ်ခံစားခဲ့ရကြောင်း၊ ဆောက်အအုံများပေါ်သို့ တက်ရောက်ခြင်းသည် အမွေအနှစ်များ ပျက်စီးနိုင် သကဲ့သို့ ၂၀၁၆-၁၇ အတွင်းက ဘုရားပေါ်မှ ပြုတ်ကျသည့် ဖြစ်စဉ်(၄)ခုရှိခဲ့ကြောင်းသိရသည်။

Mandalay News
https://www.facebook.com/lin.aung.777/
ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားနှင့် ရှးဟောင်းအဆောက်အအုံများပေါ်သို့ နိုင်ငံခြားခရီးသွားများ တက်ရောက်ခြင်း မပြုရန် ဇုန်ဝင်လက်မှတ်တွင် အသိပေးရိုက်နှိပ်ဖေါ်ပြမည် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ဘုရားနှင့် ရှးဟောင်းအဆောက်အအုံများပေါ်သို့ နိုင်ငံခြားခရီးသွားများ တက်ရောက်ခြင်း မပြုရန် ဇုန်ဝင်လက်မှတ်တွင် အသိပေးရိုက်နှိပ်ဖေါ်ပြမည် Reviewed by THITHTOOLWIN on 16:46 Rating: 5
Powered by Blogger.