ရိုမေးနီးယား ဘုရင်ဟောင်း နတ်ရွာစံ

ကွန်မြူနစ် တွေ တက်လာပြီးနောက် မိုက်ကယ် ဘုရင် နန်းစွန်ခဲ့ရ
ရိုမေးနီးယား ဘုရင်ဟောင်း ပထမ မြောက် မိုက်ကယ်ဟာ သက်တော် ၉၆ နှစ် အရွယ်မှာ ဆွစ်ဇာလန်မှာ ကင်ဆာ ရောဂါနဲ့ နတ်ရွာစံသွားခဲ့ပါတယ်။

၁၉၂ဝ နဲ့ ၁၉၄ဝ ပြည့်နှစ်တွေ အတွင်း ရိုမေးနီးယားကို သူ နှစ်ကြိမ် စိုးစံ ခဲ့ဖူးပါတယ်။

ပထမအကြိမ် နန်းတက်တုန်းက သူ ၅ နှစ်သားမှာ ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ်အတွင်း နိုင်ငံ ခေါင်းဆောင် လုပ်ခဲ့သူတွေအထဲ သူဟာ နောက်ဆုံး အသက်ရှင် ကျန်ရစ်သူလည်း ဖြစ်ပါတယ်။

စစ်ပြီး နိုင်ငံမှာ ကွန်မြူနစ် တွေ တက်လာပြီးနောက် မိုက်ကယ် ဘုရင် နန်းစွန်ခဲ့ရသလို ၁၉၉ဝ ကျော်မှာ ကွန်မြူနစ် ခေါင်းဆောင် ချောင်ဆက်စကူး ပြုတ်ကျသွားမှ နိုင်ငံကို ပြန်လာခွင့် ရခဲ့ပါတယ်။

BBC Burmese
http://www.bbc.com/burmese
ရိုမေးနီးယား ဘုရင်ဟောင်း နတ်ရွာစံ ရိုမေးနီးယား ဘုရင်ဟောင်း နတ်ရွာစံ Reviewed by THITHTOOLWIN on 23:09 Rating: 5
Powered by Blogger.