ဆော်ဒီ မြို့တော်ကို ဒုံးကျည်ပစ်လွှတ်

 ဆော်ဒီ အာရေဗျ နိုင်ငံ ရီယာ့ဒ် မြို့တော်
ဆော်ဒီ အာရေဗျ နိုင်ငံ ရီယာ့ဒ် မြို့တော် ကို ဦးတည်ပြီး မစ်ဆိုင်း ဒုံးကျည် တစင်း ပစ်လွှတ်ခဲ့တယ်ဆိုတာ သိရှိရတယ်လို့ ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ စစ်ရေး မဟာမိတ်အဖွဲ့က ပြောပါတယ်။

ရီယာ့ဒ် မြို့မှာ ပေါက်ကွဲမှု ဖြစ်တဲ့ သတင်းတွေ လည်း ရရှိပါတယ်။
 ရီယာ့ဒ် က နန်းတော် နေရာ ကို ချိန်ရွယ်ပြီး ဒုံးလက်နက်ပစ်လွှတ်
စောစောပိုင်းကတော့ ယီမင်မှာ ရှိတဲ့ ဟူသီ သူပုန်တွေက ရီယာ့ဒ် က နန်းတော် နေရာ တခုကို ချိန်ရွယ်ပြီး သူတို့ ဒုံးလက်နက် ပစ်လွှတ်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီနန်းတော်ဟာ ဘုရင် ဆော်လမန်ရဲ့ အစိုးရ နန်းတော် ဖြစ်ပြီး အဲဒီမှာ စည်းဝေးနေတဲ့ လူကြီးတွေကို ချိန်ရွယ် ပစ်ခတ်တာလို့ ဆိုပါတယ်။

ယီမင်နိုင်ငံ ပြည်တွင်းစစ်မှာ ယီမင်အစိုးရကို ထောက်ခံတဲ့ ဆော်ဒီ အာရေဗျ ဦးဆောင်တဲ့ မဟာမိတ်တွေကို ဟူသီ သူပုန်တွေက တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဒီ သူပုန်တွေကို အီရန်က ထောက်ခံပေးထားပြီး ဒေသတွင်း မတည်ငြိမ်အောင် သူတို့ကို အီရန်က ဒုံးကျည်တွေ ထောက်နေတယ်လို့ ဆော်ဒီက စွပ်စွဲ နေပါတယ်။

BBC Burmese
http://www.bbc.com/burmese

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့ တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့  facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့ နိုင်ပါသည်။
နောက်ဆုံးရ သတင်းများကို အောက်ပါ Tweets မှာ ဖော်ပြထားပါတယ်။ Tweets ရဲ့ ဘေးဘောင်တန်းကို ဆွဲချပြီ မိမိတို့ စိတ်ဝင်စားတဲ့ သတင်းခေါင်းစဉ် အောက်က Link ကို နှိပ်ပြီ အပြည့်အစုံဖတ်ရှုနိုင်ပါတယ်။
 

Advertisement

 

အသစ် တင်သမျှ သတင်းများ အလို အလျှောက်ပို့  ပေးပါမည်

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ

သတင်းစာနှင့် ဂျာနယ်များ