လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓါတ်လိုက်သေဆုံးမှုဖြစ်ပွား


ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ နယ် ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု ထန်းပင်ကွက်သစ်ရပ်ကွက် မြို့ရိုးဘုန်းတော်ကြီးကျောင်းအနီးရှိ Transformer ပြုပြင်ရာမှ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ  ၄ နာရီ ၄၅ မိနစ်ခန့် က လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓါတ်လိုက်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

 ဖောင်ကြီးနယ်မြေရဲစခန်းမှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ကိုစိုင်းအောင်နိုင်မိုး(၂၃)နှစ် လျှပ်စစ်ဝန်ထမ်း စံပြကျေးရွာ မင်းကုန်းကျေးရွာအုပ်စု လှည်းကူးမြို့နယ်နေသူဖြစ်ပြီး ၎င်းနှင့် မျိုးကို(၂၂)နှစ် လျှပ်စစ်ဝန်ထမ်း စံပြကျေးရွာ မင်းကုန်းကျေးရွာအုပ်စုနေသူတို့မှာ ဖောင်ကြီးအရှေ့ကျေးရွာအုပ်စု ထန်းပင်ကွက်သစ်ရပ်ကွက် မြို့ရိုးဘုန်းတော်ကြီးကျောင်းအနီးရှိ Transformer ပြုပြင်ရာမှ ဓာတ်လိုက်သေဆုံးရခြင်း ဖြစ်ကြောင်း သိရပါတယ်။

 ဖောင်ကြီးတိုက်နယ်ဆေးရုံသို့ ရဲမှုခင်းဆေးစာပေးပို့ခဲ့ရာ ဒေါက်တာနီနီထွန်းမှ PR ၁၃/ ၁၇ ဖြင့် လက်ခံထားရှိပြီး စိုင်းအောင်နိုင်မိုး သေဆုံးမှုအား ဓမ္မတာအတိုင်း သေဆုံးမှုဟုတ် မဟုတ် စစ်ဆေးနိုင်ရေး သေမှုသေခင်းဖွင့်လှစ်ပေးပါရန် ရဲအုပ်နေစိုးမှ တရားလိုပြုလုပ် တိုင်တန်းမှုပြုခဲ့ကြောင်း သိရပါတယ်။

သတင်း - ဓါတ်ပုံ ။ ။ MCRA -SH လှည်းကူး` စိုးမြင့်´

by သစ်ထူးလွင်
လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓါတ်လိုက်သေဆုံးမှုဖြစ်ပွား လျှပ်စစ်ဝန်ထမ်းတစ်ဦး ဓါတ်လိုက်သေဆုံးမှုဖြစ်ပွား Reviewed by THITHTOOLWIN on 07:43 Rating: 5
Powered by Blogger.